ကျန်းမာရေးအရ နားရမယ် ဆိုပေမဲ့ လည်း မြင်ရ ကြားရ တာတွေကြောင့် နှလုံးသားက ခံစားနေရတယ် ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

//s9.kh1.co/1e/1ebb83052352c0db7e376af193a1ec9d3563b0af.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသံချိုချိုသာသာ အေးအေး လေးနဲ့ အဆွေးသီချင်းတွေကို အလွမ်း ဓာတ်ခံ ပါပါ သီဆို ပြီး ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိခဲ့တဲ့ တေးသံရှင် အိုင်းရင်းဇင်မာမြင့်ကို တော့ အားလုံးသိကြမယ် ထင်မှာတယ်။ သူမကတော့ တေးစီးရီး အယ်လ်ဘမ်များစွာ ထွက်ရှိခဲ့ပြီး အယ်လ်ဘမ်တိုင်းကလည်း ပရိသတ်တွေရဲ့ ခံစား ချက်နဲ့ ထပ်တူ ကျခဲ့တာကြောင့် ရေပန်းစား အောင်မြင်ခဲ့တဲ့ သူတစ်ဦး ပဲ ဖြစ်ပါတယ်။

Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account

လက်ရှိမှာလည်း သီချင်းတွေကို ဖန်တီးနေတဲ့ အိုင်းရင်းဇင်မာမြင့်ကတော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှား မှုတွေကြောင့် အနုပညာ အလုပ်တွေကို ရပ်နားထားကာ ပရိသတ်တွေ ၊ပြည်သူတွေနဲ့ အတူ တသားတည်း တက်ကြွစွာ ရပ်တည်ပါဝင်နေတာ ပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင် လမ်းပေါ်ထွက်ကာ ဆန္ဒဖော်ထုတ် နေပြီး လူထု လှုပ်ရှားမှုတွေမှာ ကျဆုံးသွားရတဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစု တွေကိုလည်း တက်အားသလောက် သွား ရောက်လှူတမ်းမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account

ယခုအခါမှာလည်း ကျန်းမာရေးကြောင့် နားနေရမယ် ဆိုပေမဲ့ လည်း မြင်ရ ကြားရတာတွေကြောင့် နှလုံးသားက မခံစားနိုင်လောက်အောင် ဝမ်းနည်းနေရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ သူရဲ့ လူမှုကွန်ယက် စာမျက်နှာ ထက်မှာ

"ကျန်းမာရေးအရနားရမယ်ဆိုပေမယ့် မြင်ရကြားရတာလဲ နှလုံးသားကမနေသာ?

ကျမမှာဘာမှမရှိပါ ရှိတာဆိုလို့

ဝမ်းနည်းနေတဲ့သူတွေ နာကျင်နေတဲ့သူနဲ့ထပ်တူမဟုတ်ခဲ့ရင်တောင် ခံစားပေးချင်တဲ့စိတ်ပဲရှိတာပါ

ဆုံးရှူံးသွားတဲ့အသက်တွေ နာကျင်မှူတွေအတွက် ??" ဆိုပြီး ဝမ်းနည်းနေတဲ့သူတွေ၊ နာကျင်နေတဲ့ သူတွေနဲ့ ထပ်တူ မဟုတ်ခဲ့ရင်တောင် ခံစားပေးချင်တဲ့ စိတ်ပဲ ရှိကြောင်း ပြောပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်.......။

Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account
Photo Crd - Irene Zin Mar Myint's FB account

သတင်း အရင်းအမြစ်Irene Zin Mar Myint's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T