ရွှေ့ပြောင်း မီးရထားဝန်ထမ်းများအတွက် တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ကူညီ လှူဒါန်းပေးနေတဲ့ စူးရှထက်

//s9.kh1.co/90/90367c082f972913d1ecb00cb7b729600bb6e06f.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ.....မော်ဒယ်လ် စူးရှထက် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားတာ ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေမှာဆိုရင်လည်း သူမပါဝင်နိုင်တဲ့ဘက်ကနေ ပြည်သူပရိသတ်တွေနဲ့ အတူအား သွန်ခွန်စိုက် ပူးပေါင်းလှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။ဒါ့အပြင် သူမ ရိုးသားစွာ ရှာဖွေ စုဆောင်းထားတဲ့ ချွေးနည်းစာ ငွေကြေးလေးတွေနဲ့ အခုလိုအချိန်မျိုးတွင် နိုင်သလောက် စေတနာအပြည့်နဲ့ လှူဒါန်းမှုတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account

စူးရှထက်က လမ်းမပေါ် ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်သလို ပြည်သူလူထု အတွက် အားဖြစ်စေမယ့် အစား အသောက် တွေကိုလည်း ကိုယ်တိုင် လိုက်ပေးဝေနေတာလည်း တွေ့ရပါတယ်။လူထုလှုပ်ရှားမှုတွေမှာ အသက်ပေးသွားရတဲ့ သူရဲကောင်းတွေ အတွက်လည်း ယူကြုံးမရဖြစ်ကာ စိတ်မကောင်းဖြစ်နေတာ ပဲဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ သူမက စားဝတ်နေရေး ခက်ခဲနေတဲ့ မီးရထားက ပြည်သူ့ဝန်ထမ်းတွေ အတွက် ချက်ပြုတ်ပြင်ဆင်ကာ သွားရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account

ဒီနေ့မှာဆိုရင်တော့ စူးရှထက်က "ရွှေ့ပြောင်းမီးရထားဝန်ထမ်းများအတွက်စူးရဲ့ ဒီနေ့အလှူလေး ကိုယ်တတ်နိုင်တဲ့ဘက်က အားဖြည့်ပေးမယ် အရေးတော်ပုံအောင်ရမယ် ???"ဆိုပြီး ရေးသားကာ ပုံရိပ်တွေနဲ့အတူ ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးတွင် လိုအပ်နေတဲ့ နေရာတွေကို တစ်နိုင်တစ်ပိုင် ကြိုးစား ပါဝင် အလှူပြုနေတဲ့ စူးရှထက်ရဲ့အလှူကို သာဓုခေါ်ရင်း ပရိသတ်တွေလည်း ကျေနပ်ပီတီ ဖြစ်ကြမှာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account
Photo Credit - Zar Chi FB Account

သတင်း အရင်းအမြစ်Zar Chi FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T