မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို ဖတ်မိပြီး ဘုရားရှိခိုး အမျှဝေပြီးမှအိပ်တာ အေးချမ်းသွားတာတော့အမှန်ပဲဆိုတဲ့ မေတိုးခိုင်

//s9.kh1.co/3e/3e1ca6bfe422eeca4ea084929d49b38f8d2d59dd.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မေတိုးခိုင်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ သူတစ်ယောက်ပါ။ သူမရဲ့ Facebook Account ထက်မှာလည်း လက်ရှိအခြေအနေတွေနဲ့ သက်ဆိုင်တဲ့ ပိုစ့်တွေနဲ့ ပုံတွေကို ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ​ပရိသတ်ပြည်သူတွေ သတိထားလိုက်နာသင့်တဲ့ စာသားအချို့ကိုလည်း တင်ပေးလေ့ရှိတာဖြစ်ပြီး မနေ့က သူမ ဖတ်မိတဲ့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို Shareကာ ပြန်လည်တင်ပေးလာခဲ့ပါတယ်။

Photo credit - May Toe Khine's FB account 
Photo credit - May Toe Khine's FB account 

ဆရာတော်ကြီးရဲ့ မိန်ကြားချက်အတိုင်း လိုက်နာကာ ညက ဘုရားရှိခိုးပြီး အိပ်ယာဝင်မိတာကြောင့် စိတ်အေးချမ်းကာအိပ်ပျော်ကြောင်းလည်း ရေးသားလာခဲ့ပါတယ်။ မေတိုးခိုင်က လူမှုကွန်ယက်ထက်မှာ " မင်္ဂလာရှိတာလေးနဲ့စ ရှယ်ချင်ပါတယ်။ စိတ်တွေပူလောင်ရလွန်းလို့ ခုတစ်လော ဘုရားတောင်မရှိခိုးဖြစ်။ ညက အိပ်မပျော်လို့ Facebook သုံးနေရင် post တစ်ခုတွေ့တော့ အသိလေးပြန်ဝင်လာတယ်။ တိုင်းသူပြည်သားတွေရဲ့ ကုသိုလ်၊ အကုသိုလ်နဲ့ နိုင်ငံတစ်နိုင်ငံက အများကြီးသက်ဆိုင်ပါတယ်တဲ့။ 

Photo credit - May Toe Khine's FB account 
Photo credit - May Toe Khine's FB account 

အဲ့တာလေးဖတ်ပြီး ညကဘုရားသေချာရှိခိုး အမျှဝေ ပြီးမှအိပ်တာ အေးချမ်းသွားတာတော့အမှန်ပဲ အိပ်လည်းပျော်သွားတယ်။ နိုင်ခါနီးမှာ ဖူးတို့ဘက်က မကောင်းဆိုးဝါးတွေပြုတ်အောင် တစ်ဖက်တစ်လမ်းက တူတူကူညီကြရအောင်။ ဒေါသနည်းနည်းလျှော့၊ လျှော့ဆဲ၊ ဘုရားပြန်ရှိခိုးကြမယ် " ဆိုပြီး ပရိသတ်ပြည်သူတွေကို အရင်လို ဘုရားရှိခိုးပြီး တရားတဲ့ဘက်ကနေ အနိုင်ရဖို့အတွက် နည်းလမ်းတွေပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေ စိတ်ထိခိုက်ပြီး ဘုရားတရားမေ့လျော့နေချိန်မှာ သတိပေးကာ ရေးသားတင်ပေးလာတဲ့ မေတိုးခိုင်ရဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - May Toe Khine's FB account 
Photo credit - May Toe Khine's FB account 
Photo credit - May Toe Khine's FB account 
Photo credit - May Toe Khine's FB account 

သတင်း အရင်းအမြစ်Source - May Toe Khine's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T