အသက်ပေးခဲ့ရတဲ့ သူရဲကောင်းကိုချစ်မင်းသူရဲ့ဇနီးသည်ဆီ သွားရောက်ပြီး နှစ်သိမ့်အားပေးစကားဆိုခဲ့တဲ့ ဘီလီလမင်းအေး

//s9.kh1.co/b9/b9022c8478cc8fc63b1544174cce0aac8a25bb72.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အသက်ပေးခဲ့ရတဲ့ သူရဲကောင်းကိုချစ်မင်းသူရဲ့ဇနီးသည်ဆီ သွားရောက်ပြီး နှစ်သိမ့်အားပေးစကားဆိုခဲ့တဲ့ ဘီလီလမင်းအေး

မနေ့ကတော့ နွေဦးတော်လှန်ရေးဆင်နွှဲကြရင်း မြောက်ဒဂုံ၊မြိတ်၊မြိုင်၊ မန္တလေးစတဲ့ နေရာတွေမှာ ကျဆုံးမှုတွေများစွာရှိခဲ့ပါတယ်။ ​ လူထုလှုပ်ရှားမှုပြုလုပ်ရင်း ကျဆုံးသွားတဲ့ သူတွေထဲမှာ ကိုချစ်မင်းသူလည်း တစ်ယောက်အပါအဝင်ဖြစ်ပြီး သူကွယ်လွန်ချိန်မှာ သားလေးတစ်ယောက်နဲ့ ကိုယ်ဝန်၂လလွယ်ထားရတဲ့ ဇနီးသည်တို့ကျန်ရစ်ခဲ့ပါတယ်။ ထိခိုက်မှုနည်းအောင် စာအုပ်တွေကို လွယ်အိတ်ထဲ ထည့်ပြီး နွေဦးတော်လှန်ရေးဆင်နွှဲခဲ့တဲ့ ကိုချစ်မင်းသူရဲ့အကြောင်းကလည်း ပြည်သူလူထုကို ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။

Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်နေပြီး လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက် ပါဝင်ခဲ့တဲ့ ဘီလီလမင်းအေးကတော့ ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့် စာလေးတွေကိုလည်း မျှဝေပေးလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ ဘီလီလမင်းအေးတစ်ယောက်ဟာ ကျဆုံးသွားတဲ့ သူရဲကောင်းကိုချစ်မင်းသူရဲ့ ဇနီးသည်ဆီ သွားရောက်ပြီးနှစ်သိမ့်အားပေးစကားဆိုရင်း အလှူငွေလေး ပေးအပ်လှူဒါန်းခဲ့ပါတယ်။

Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page

သူမကတော့ " မြောက်ဒဂုံမှာ ကျဆုံးသွားတဲ့ ကိုချစ်မင်းသူမိသားစုနဲ့ ယနေ့သွားရောက်တွေ့ဆုံအားပေးစကားပြောဖြစ်ခဲ့ပါတယ်မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ် သူရဲကောင်းစာရင်းဝင်တစ်ဦးဖြစ်တဲ့ကိုချစ်မင်းသူ ကောင်းရာသုဂတိလားပါစေ။Rest In Peace "ဆိုပြီး သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံအတွက် အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းတွေအားလုံး ကောင်းရာဘုံဘဝသို့ ရောက်ရှိကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source : billy la min aye ' s facebook page

Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Photo Credit: billy la min aye ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T