အလိုမရှိ သီချင်းသံကြားလို့ အထုတ်တွေဘေးချပြီး ပြည်သူတွေကြားထဲမှာ စည်းချက်ညီညီနဲ့ လိုက်ကနေတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/86/864d9ff2ce9f9b02241d3b81c8ed56fca7ac4e2e.jpeg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

အလိုမရှိ သီချင်းသံကြားလို့ အထုတ်တွေဘေးချပြီး ပြည်သူတွေကြားထဲမှာ စည်းချက်ညီညီနဲ့ လိုက်ကနေတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်

ပြည်သူလူထုကတော့ အခုကာလမှာ တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတာဖြစ်လို့  အရင်ကထက်ပိုစည်းလုံးနေကြတာဖြစ်ပါတယ်။Gen X,Y,Z တွေကလည်း ကျရာနေရာ အသီးသီးမှာ အစွမ်းကုန်ကြိုးစားနေကြတာဖြစ်ပါတယ်။အခုခေတ်လူငယ်တွေက တီထွင်ကြံဆနိုင်စွမ်းရှိကြတာကြောင့် အခုလိုအခြေအနေမျိုးမှာနည်းဗျူဟာအမျိုးမျိုးနဲ့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ငွေရေး၊ကြေးရေးတတ်နိုင်ကြတဲ့ ပြည်သူတွေကလည်းလိုအပ်တဲ့နေရာတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

လူငယ်တွေကတော့ လက်ရှိအခြေအနေအတွက် သီချင်းတွေကိုလည်း ရေးစပ်သီကုံးကြပြီး ပြည်သူတစ်ဦးရေးစပ်ထားတဲ့ “အလိုမရှိ”သီချင်းလေးကတော့ ပြည်သူတွေကြားမှာ အမြဲတမ်းကြားနေရတာဖြစ်ပါတယ်။”အလိုမရှိ”သီချင်းလေးကဆိုရင် ပြည်သူတွေအတွက် အားမာန်ပြည့်စေပြီး မြူးမြူးကြွကြွလေးလည်းရှိလို့ အရမ်းနားထောင်လို့ကောင်းတဲ့ သီချင်းလေးဖြစ်ပါတယ်။ပြည်သူတွေကတော့ လမ်းပေါ်မှာ “အလိုမရှိ” “သွေးသစ္စာ” စတဲ့သီချင်းတွေကိုဖွင့်ပြီး မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ချီတက်နေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot

အခုဆိုရင်လည်း အရမ်းချစ်စရာကောင်းတဲ့ အန်တီကြီးတစ်ယောက်က အထုတ်လေးတွေဘေးချပြီး “အလိုမရှိ”သီချင်းသံကြားလို့ စည်းချက်ညီညီနဲ့လိုက်ကနေတာဖြစ်ပါတယ်။အန်တီကြီးရဲ့ကကွက်တွေကတော့ သီချင်းသံစဉ်အတိုင်းလှုပ်ခါပြီး အရမ်းတက်ကြွနေတာဖြစ်ပါတယ်။ပြည်သူတွေကတော့ နေ့စဉ်ရက်ဆက်လမ်းပေါ်ထွက်နေကြပေမယ့် လုံးဝမမောမပန်းကြဘဲ ဒီလိုမျိုးပီတိဖြစ်စရာမြင်ကွင်းလေးတွေကြောင့် ပိုပြီးအားပြည့်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ တက်တက်ကြွကြွနဲ့လိုက်ကနေတဲ့ အန်တီကြီးရဲ့ဗီဒီယိုလေးကိုကြည့်ပြီး ခဏတာစိတ်ပျော်ရွှင်စေဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot
Photo Credit:Video’s Screenshot

Source&Video Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T