ရှေ့ဆုံးကနေ ဒိုင်းကိုင်ရင်း ညာလက်နဲ့ဘယ်ပေါင်ကို ကျည်ထိသွားပြီး အနည်းဆုံး(၂)ကြိမ်ခွဲစိတ်ရမှာဖြစ်လို့အလှူရှင်လိုအပ်နေသေးတဲ့ လူငယ်လေးတစ်ဦး

//s9.kh1.co/5e/5e365eb1195553ede32f134a7144bd958f9bf34d.jpeg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ရှေ့ဆုံးကနေ ဒိုင်းကိုင်ရင်း ညာလက်နဲ့ဘယ်ပေါင်ကို ကျည်ထိသွားပြီး အနည်းဆုံး(၂)ကြိမ်ခွဲစိတ်ရမှာဖြစ်လို့အလှူရှင်လိုအပ်နေသေးတဲ့ လူငယ်လေးတစ်ဦး

ပြည်သူလူထုကတော့ အခုကာလမှာ တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတာဖြစ်လို့  အရင်ကထက်ပိုစည်းလုံးနေကြတာဖြစ်ပါတယ်။Gen X,Y,Z တွေကလည်း ကျရာနေရာ အသီးသီးမှာ အစွမ်းကုန်ကြိုးစားနေကြတာဖြစ်ပါတယ်။အခုခေတ်လူငယ်တွေက တီထွင်ကြံဆနိုင်စွမ်းရှိကြတာကြောင့် အခုလိုအခြေအနေမျိုးမှာနည်းဗျူဟာအမျိုးမျိုးနဲ့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ငွေရေး၊ကြေးရေးတတ်နိုင်ကြတဲ့ ပြည်သူတွေကလည်းလိုအပ်တဲ့နေရာတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 

လက်ရှိအချိန်ထိဆိုရင် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အသက်ဆုံးရှုံးသွားရတဲ့ပြည်သူတွေလည်း အယောက်(၅၀)ကျော်နေပြီဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း မြောက်ဒဂုံမှာ ဒိုင်းကိုင်ပြီး နောက်တန်းကပြည်သူတွေကို ကာကွယ်ခဲ့တဲ့ လူငယ်လေးကတော့ ညာဘက်လက်နဲ့ ဘယ်ဘက်ပေါင်ကို ကျည်ထိသွားခဲ့တာဖြစ်ပါတယ်။လူငယ်လေးက ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးပြီး (၉)တန်းတက်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ အဲ့ဒီလူငယ်လေးကဆေးရုံတက်နေရတာဖြစ်ပြီး နောက်ထပ်ခွဲစိတ်ရဦးမှာဖြစ်ပါတယ်။ဒီကလေးရဲ့ အခြေအနေကို ဘယ်သူမှလည်းသိပ်မသိသေးတာကြောင့် အလှူရှင်လုံးဝမရှိသေးတာဖြစ်ပါတယ်။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 

ပြည်သူတစ်ဦးကတော့ သူကိုယ်တိုင်လည်းသွားလှူရင်း”မြောက်ဒဂုံမှာ ကိုချစ်မင်းသူနဲ့  အတူဒိုင်းကိုင်ရင်း ကျည်ထိသွားတဲ့မောင်လေးပါ။ညာဘက်လက်နဲ့ ဘယ်ပေါင်ထိပြီး ဒီနေ့ပဲ ခွဲစိတ်ရတာပါ. အခုပဲဆေးရုံမှာ သွားကြည့်ပြီးပြန်လာတာပါ.. နောက်ထပ် အနည်းဆုံး ၂ ကြိမ်ခွဲစိတ်ဖို့လိုပါတယ်. အလှူရှင်လည်းလုံးဝမရှိသေးပါဘူး. ကာယံကာရှင် အဖေကိုယ်တိုင်ကလည်းအစက သူသားလေးဖြစ်တာတွေကို post တွေမတင်ခိုင်းပါဘူး အဲ့တာကြောင့် ဒီမောင်လေးဖြစ်တာကို ဘယ်သူမှမသိဘူးဖြစ်နေပါတယ်ရှင့်မောင်လေးကအခုမှ ၉တန်းတက်မှာပါ. ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ညာလက်နဲ့ ဘယ်ပေါင်ထိသွားတာပါ. အမြဲဆုံးသက်သာပါစေမောင်လေးရေ.”ဆိုပြီး စေတနာရှင်တွေလှူဒါန်းလို့ရအောင် နှိုးဆော်ထားတာဖြစ်ပါတယ်။တိုက်ရိုက်လှူဒါန်းချင်တဲ့ အလှူရှင်တွေအတွက် လူနာအဖေရဲ့ဖုန်းနံပါတ်လေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 
Photo Credit : Original Uploder 

Source&Photo Credit : Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T