သူမဝတ်နေကျ စိန်နားကပ်လေးရောင်းပြီး လှူဒါန်းနေတာ ဖြစ်တဲ့အကြောင်းကို ပြောပြလာတဲ့ ဘေဘီမောင်

//s9.kh1.co/34/3422271e3db806c374e059fd7b46e58c14ad6024.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီး ဘေဘီမောင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ အများအပြားကိုရိုက်ကူးခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတွင်လည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။လတ်တ လောမှာဆိုရင်တော့ ဘေဘီမောင်က ပြည်သူပရိသတ်တွေနဲ့ တစ်သားတည်း ရပ်တည်ကာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ရှေ့ဆက်မယ့် အနာဂတ် အတွက် လူထုလှုပ်ရှားမှုတွေမှာ တစ်စိတ်တစ်ပိုင်း ဝင်ရောက် အားဖြည့်နေတာ ဖြစ်ပါတယ်။

Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account

ဒါ့အပြင် ဘေဘီမောင်က လမ်းမပေါ်တွင် အေးချမ်းစွာ ရင်ထဲက ဆန္ဒအမှန်တွေကို ရဲရဲဝင့်ဝင့် ထုတ်ဖော်နေတဲ့ ပြည်သူလူထုကြီးအတွက် တတ်နိုင်သလောက် လှူဒါန်းပေးနေသလို နွေဦးတော်လှန်ရေးမှာ ကြွေလွှင့်သွားရတဲ့ နိုင်ငံ့သူရဲကောင်းတွေ အတွက်လည်း စေတနာရှင်တွေနဲ့ စုပေါင်းကာ အလှူဒါန ပြုလုပ်နေတာ ပဲဖြစ်ပါတယ်။အခုလို ပြည်သူတွေ အခက်အခဲဖြစ်နေချိန်တွင် တတ်နိုင်သလောက် ကူညီဖေးမနေတာ ဖြစ်ပြီး သူမရှိလို့လှူတာမဟုတ်ပဲ သိလို့ လှူတာဖြစ်ကြောင်းကို သူမရဲ့ Facebook စာမျက်နှာတွင် ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။

Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account

ဘေဘီမောင်က "ခုချိန်အားလုံး ဒုက္ခရောက်နေချိန်ပါ?ကျွန်မလှူနေတယ်ဆိုတာ ရှိလို့လှူနေတာမဟုတ်ပါဘူး သိလို့လှူနေတာပါ??(ကိုယ်သေရင်ပါလာမယ့်အထုပ်??)ကျွန်မစိတ်နှလုံးသားက နူးညံတယ် သနားတတ်တယ် ကိုယ်ချင်းစာတတ်တယ် စိတ်ကောင်းနှလုံးကောင်းအမြဲမွေးတယ်??လက်ထဲငွေကုန်ပြီး ဘဏ်တွေကထုတ်မရတဲ့အခါ?ကျွန်မ ဝတ်နေကျ စိန်နားကပ်လေးရောင်းပြီးကျွန်မကုသိုလ်တွေလုပ်နေပါတယ်??????​ဤမှန်ကန်သောသစ္စာစကားကြောင့် မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ??????"ဆိုတဲ့ စာသားကို ပရိသတ်တွေ အတွက် တစ်ဆင့် ပြန်လည် ကူးယူ မျှဝေပေးရင်း ဘေဘီမောင်ရဲ့ မွန်မြတ်တဲ့စိတ်ထားကို လေးစားမိပါတယ်???

Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account
Photo Credit - Baby Maung FB Account

သတင်း အရင်းအမြစ်Baby Maung FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T