Twitterအထိပါပျံ့နှံ့ကျော်ကြားလာခဲ့တဲ့ ရန်ကုန်တိုင်း၊လှိုင်မြို့နယ်အတွင်းက လူအယောက်500ခန့်နဲ့ပြုလုပ်ခဲ့တဲ့ Campaignပုံရိပ်များ

//s9.kh1.co/72/7288d41976bcccc1f46e47d9bdb5428a8774de31.jpg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားကာလူထုလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေကြတာကို တွေ့မြင်ကြမယ်ထင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လုပ်ဆောင်နေကြတဲ့ ဒီလှုပ်ရှားမှုကြီးမှာဆိုရင် ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်းဟာ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေးပါ၀င်နေကြတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၄၀ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ရက်ပေါင်း ၄၀ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ပြည်သူတစ်ရပ်လုံးဟာအားမလျော့ကြပဲ နေ့စဉ်ရက်ဆက်လူထုလှုပ်ရှားမှုကြီးကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ အရှိန်အဟုန်မြင့်မြင့်နဲ့လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေဆက်တိုက်ကြုံတွေ့နေရတာကြောင့် ‌ထိခိုက်ကျဆုံးနေကြရတဲ့ ပြည်သူအများအပြားလည်းရှိနေတာကိုတွေ့ရပါတယ်နော်......။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Twitter acc
Photo credit-Twitter acc

ဒီဒီနေ့မှာတော့ လူထုလှုပ်ရှားမှုတွေပြုလုပ်နေကြတဲ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာဆိုရင် ပြည်သူ အယောက် ၅၀၀ခန့်ဟာ မြန်မာပြည်မြေပုံကို သရုပ်ဖော်ကြရင်း "WE NEED R2P SAVE MYANMAR...." ဆိုပြီးရေးသားပုံဖော်ခဲ့ကြသလို ကျဆုံးသွားခဲ့တဲ့သူရဲကောင်းတွေရဲ့ဓာတ်ပုံလေးတွေကိုပါ ထည့်သွင်းဖော်ပြထားခဲ့ကြတာဖြစ်ပါတယ်။ဒီပုံရိပ်လေးတွေဟာ ချက်ချင်းဆိုသလို Twitterမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး အနုပညာရှင်အတော်များများကလည်း တင်ပေးထားခဲ့တာကိုတွေ့ရပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Twitter acc
Photo credit-Twitter acc

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T