အမအရင်းလို ခင်မင်ခဲ့ရတဲ့ အကယ်ဒမီဇင်မာဦးရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ပေးရင်း စိတ်မကောင်းဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင်သန့်စင်

//s9.kh1.co/bd/bd772f614b31c8d268f69533aa74060f4622f8dc.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အမအရင်းလို ခင်မင်ခဲ့ရတဲ့ အကယ်ဒမီဇင်မာဦးရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ပေးရင်း စိတ်မကောင်းဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင်သန့်စင်

မနေ့ကတော့ စိတ်မကောင်းစရာသတင်းတွေနဲ့ပြည့်နှက်နေခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဇင်မာဦးတစ်ယောက် ဆုံးပါးသွားတဲ့သတင်းဟာလည်း ပြည်သူတွေကို ဝမ်းနည်းစေခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးရဲ့ဇနီးသည်လည်းဖြစ်တဲ့ ကွယ်လွန်သူ မဇင်မာဦးဟာ အကယ်ဒမီဆုကိုလည်း ပိုင်ဆိုင်ခဲ့ရုံသာမက သူ့ခေတ်သူ့အခါကလည်း အောင်မြင်ကျော်ကြားခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။

Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc

ကွယ်လွန်ချိန်မှာအသက်၅၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ အကယ်ဒမီဇင်မာဦးကတော့ တစ်ချိန်ကပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို များစွာရှိခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အကယ်ဒမီဇင်မာဦးရဲ့ နောက်ဆုံးခရီးကို အနုပညာရှင်အသိုင်းအဝိုင်းက လူအချို့နဲ့ မိသားစုဝင်တွေက လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ လူကြမ်းသရုပ်ဆောင်သန့်စင်ကတော့ အမအရင်းလို ခင်မင်ခဲ့ရတဲ့အကယ်ဒမီဇင်မာဦးရဲ့နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ပေးရင်း စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။

Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc

လူကြမ်းသရုပ်ဆောင်သန့်စင်ကတော့ " အမအရင်းကဲ့သို့ ချစ်ရပါသောမဇင်မာ ရဲ့နောက်ဆုံးခရီးကိုပို့ဆောင်ခဲ့ပါတယ် ကောင်းရာသုဂတိလားပါစေအမ  အမရင်ထဲကခံစားချက်တွေကိုအမြဲတမ်း မောင်လေးလိုသဘောထားပြီးရင်ဖွင့်တိုင်ပင်တတ်တဲ့အမ အခုတော့ကျွန်တော့်ကိုမတိုင်ပင်ဘဲထွက်သွားတယ်ဗျာ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ အကယ်ဒမီဇင်မာဦးတစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source : Thant Sin YT ' s Facebook Acc

Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Photo Credit: Thant Sin YT ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T