International Champions Cup ပြိုင်​ပွဲရဲ့ပွဲစဉ်​တစ်​ပွဲဖြစ်​တဲ့ ရီးရဲလ်​မက်​ဒရစ်​အသင်​းနဲ့မန်​စီးတီးအသင်​းတို့ယှဉ်​ပြိုင်​ကစားခဲ့ရာ မန်​စီးတီးအသင်​းက ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်​အနိုင်​ရ ရှိခဲ့ပါတယ်​။

မန်​စီးတီးအသင်​းဟာ ရီးရဲလ်​မက်​ဒရစ်​ အသင်​းကို ကစားကွက်​အသာနဲ့ ဖိအား​​ပေးကစားနိုင်​ခဲ့ပါတယ်​။ ​ပထမပိုင်​းမှာ နှှ​စ်​သင်​းလုံးက ​ခြေရည်​တူကစားခဲ့ကာ ဒုတိယပိုင်​းမှာ ရီးရဲလ်​မက်​ဒရစ်​အသင်​းက လူငယ်​​တွေ ထည်​့သွင်​းကစားခဲ့တာ​ကြောင်​့ မန်​စီးတီးအသင်​းရဲ့ကစားကွက်​​အောက်​​ရောက်​ရှိခဲ့တာလည်​းဖြစ်​ပါတယ်​။

မန်​စီးတီးအသင်​းအတွက်​ ဂိုး​တွေကို​တော့ ​အော်​တာမန်​တီ၊ဂျွန်​စတုန်​း၊စတားလင်း၊ဒိုင်​ယက်​ တို့က သွင်​းယူခဲ့​တာပဲဖြစ်​ပြီး ရီးရဲလ်​မက်​ဒရစ်​ အသင်​းရဲ့ တစ်​လုံးတည်​း​သော​ချေပဂိုးကို​တော့ ယခုအ​ပြောင်​းအ​ရွှေ့မှ ဝယ်​ယူထားတဲ့ ဆီဘယ်​​လော့က သွင်​းယူ​ပေးခဲ့တာဖြစ်​ပါတယ်​

Source - ICC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။