ဆေးကုသမှုတွေခံယူနေရတဲ့ ပြည်သူ့သူရဲကောင်းလေးအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ ညီညီမောင်

//s9.kh1.co/97/971af378404de13d0827f0be458fb34c51b35555.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလမ်းကြောင်းမှာ ပရိသတ်အားပေးမှုတွေနဲ့အခိုင်အမာရရှိအောင်မြင်စွာ ရပ်တည်လျှောက်လှမ်းနေကြသူတွေထဲမှာ မိတ်ကပ်ပညာရှင်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကလည်း တစ်ဦးအပါအဝင်ပါပဲ..။

သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်က စကားပြောပွင့်လင်းတာတွေကြောင့် ပရိသတ်တွေကချစ်ခင်ကြသလို လက်ရှိအခြေအနေတွေမှာလည်း သူမရဲ့အင်အားလေးတွေနဲ့ ပြည်သူတွေနဲ့အတူ တက်နိုင်သလောက် ပါဝင်အားဖြည့်နေသူပါ..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

ညီညီမောင်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်လမ်းပေါ်ထွက်ပါဝင်နေသလို အစားအသောက်တွေလည်း အပင်ပန်းခံချက်ပြုတ်လှူဒါန်းနေတဲ့အပြင် ပြည်သူ့သူရဲကောင်းလေးတွေအတွက်လည်း တက်နိုင်သလောက်လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း မြင်းခြံမြို့မှာ သေနတ်ထိမှန်ပြီး ဆေးကုသမှုခံယူနေရတဲ့ တော်လှန်ရေးသူရဲကောင်းလေးအတွက် အလှူငွေတွေ ပေးပို့လှူဒါန်းခဲ့ပြန်ပြီး သူမရဲ့ကုသိုလ်အလှူလေးကိုလည်း ဝေမျှထားပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

"မြင်းခြံ မှာသေနတ်မှန်ပြီးဆေးဝါးကုသခံနေသော ကလေးအတွက် နိုင်သလောက် အလှူလေးပါ ?

သွားရောက်လှူပေးတဲ့ ခန့်ရေ ကျေးဇူးပါ.." ဆိုပြီး သူမရဲ့အလှူလေးကို မျှဝေထားတာ ဖြစ်ပါတယ်..။

အခုလို အဖက်ဖက်ကနေ အစစအရာရာခက်ခဲနေတဲ့အချိန်မှာ တတ်နိုင်တဲ့အင်အားလေးတွေနဲရက်ရက်ရောရော လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ သုသုလေးရဲ့ စိတ်စေတနာလေးတွေကိုလည်း ပရိသတ်တွေအားလုံးက ချီးကျူးသာဓုခေါ်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc
Photo Credit - Nyi Nyi Maung's Fb Acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T