အခြေအနေတွေတည်ငြိမ်သွားရင် ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့သားသမီးများအတွက် ပညာရေးအထောက်အပံ့များပေးမယ့် ခိုင်သင်းကြည်

//s9.kh1.co/f7/f782a10bfc35989532df718d9a5a0e476f134a0d.jpeg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.....

အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ပိုမိုတင်းမာလာတဲ့မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် ကြားရသတင်းတိုင်းက ကြေကွဲဝမ်းနည်းစရာကောင်းလွန်းတာတွေ များပြားတာကြောင့် ပြည်သူတွေလည်း စိုးရိမ်ထိန့်လန့်မှုများစွာကြားမှာနေ့စဉ်နဲ့အမျှနေထိုင်နေကြရပါတယ်။ဒီလိုစိုးရိမ်ထိန့်လန့်မှုတွေ အန္တရာယ်တွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ အားမလျော့ဘဲ ဒီနေ့ထိလှုပ်ရှားမှုတွေပြုလုပ်နေကြဆဲပါ။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမစောင့်ရှောက်ကြသလိုရှေ့တန်းကနေလည်း အကာအကွယ်အပြည့်ယူကာ တစ်ဖက်ကဖြိုခွင်းသမျှ မျက်ရည်ယိုဗုံးများကိုလည်း ခုခံပေးကြတဲ့လူငယ်မျိုးဆက်သစ်တွေကလည်းတကယ်ကိုလေးစားစရာပါနော်။အဲ့လို အန္တရာယ်ကြားမှာလှုပ်ရှားပါဝင်ရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူတွေက ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 

အနုပညာရှင်တွေကလည်းအမျိုးမျိုးကူညီထောက်ပံ့မှုတွေပေးကြတာလည်းတကယ်ကိုလေးစားစရာပါပဲ။အဲ့လိုအနုပညာရှင်တွေထဲမှာ ခိုင်းသင်ကြည်လည်းအပါအဝင်ပါပဲနော်။အခုလည်း အခြေအနေတွေတည်ငြိမ်သွားရင် ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးများအတွက် ပညာရေးထောက်ပံ့ပေးမှုတွေကိုကူညီလှူဒါန်းပေးမယ့်အကြောင်းခုလိုရေးသားဝေမျှလာပါတယ်။" ကတိပေးပါတယ် ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ သားသမီးတွေ ပညာရေးကို lifelong support လုပ်ပေးဖို့လိုတယ် မြင်မိပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်မရဲ့ ဝင်ငွေထဲကနေ လစဉ်လှူဒါန်းဖို့ ကတိပြုပါတယ် သူတို့အနာဂတ်တွေ မပျက်စေဖို့ ဝိုင်းဝန်းကြမယ်နော် "စာလေးပဲဖြစ်ရာ လေးစားလွန်းတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Khine Thin Kyi Facebook Page 
Photo Credit : Khine Thin Kyi Facebook Page 
Source & Photo Credit : Khine Thin Kyi Facebook Page 
Source & Photo Credit : Khine Thin Kyi Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T