လိုအပ်တဲ့နေရာ အကုန်လုံးမကူညီနိုင်ပေမယ့် တက်နိုင်သလောက် တစ်ထောင့်တစ်နေရာကနေ လှုဒါန်းခဲ့တဲ့ အောန်ဆိုင်း

//s9.kh1.co/8c/8cfa45376514a9903fd36422886ba119ef0609b8.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်အောန်ဆိုင်းကတော့ လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ဖေဖော်ဝါရီလ အစတည်းက ပြည်သူလူထုနဲ့ အတူ လူငယ်တွေရဲ့ အနာဂတ်အတွက် ရဲရင့်တတ်ကြွစွာ ပူးပေါင်း ပါဝင်ကာ လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက် ကြိုး စားဆောင်ရွက်နေတာ ပဲဖြစ်ပါတယ်။လူထူလှုပ်ရှားမှုတွေဟာ ဒီနေ့ထိဆိုရင် (၄၂)ရက်ရှိနေခဲ့တာ ဖြစ်ပြီး တစ်ရက်ပြီးတစ်ရက် အားကောင်းလာကာ အနုပညာရှင်တွေ အပါအဝင် ပြည်သူပရိသတ်တွေကပါ အားကြိုးမာန်တတ် ပါဝင်လှုပ်ရှားနေကြတုန်း ဖြစ်ပါတယ်။

Photo Credit- Awn Seng -Elizabeth FB Account

ပြည်သူလူထုကလည်း အမှန်တရားအတွက် မလျော့သော ဇွဲလုံလတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပြီး အနုပညာရှင်များကလည်း သူတို့တတ်နိုင်သလောက် ကူညီဖေးမကာ စားစရာသောက်စရာများကို ပြည်သူများမပူပင်ရအောင် လှူဒါန်းနေတာလည်း တွေ့ရပါတယ်။အောန်ဆိုင်းတို့ ဇနီးမောင်နှံကလည်း တစ်တပ်တစ်အား ပါဝင်လှုပ်ရှားကာ တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ အမိှုက်တွေကို လိုက်ကောက်ရင်း ကူညီအားဖြည့် နေတာ ပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ အောန်ဆိုင်းတို့ ဇနီးမောင်နှံက စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီကို နိုင်သလောက် ကိုယ် တိုင်သွား ရောက် လှူဒါန်းနေတာ ဖြစ်ပါတယ်။

Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account

အောန်ဆိုင်းက"ကျွန်မတို့ပြည်သူတွေ ဒီလိုအဆင်မပြေနေတာ ခက်ခဲနေတာတွေ့ရင် စိတ်မကောင်းဘူး ?covid ကြောင့် ခက်ခဲနေပါတယ်ဆို အခု အခြေအနေမှာ သူတို့က ဒုက္ခတွေကို ပိုပြီး ခါးစီးခံနေရပါတယ် ။Awn Seng တို့လည်း အကုန်လုံးကို မကူညီနိုင်ပေမယ့် တက်နိုင်သလောက် တစ်ထောင့်တစ်နေရာကနေ ကူညီခဲ့ပါတယ် ။ Phone Kyaw Moe Myint ကူညီချင်တယ်ဆိုရင် ဒီအစ်ကိုဆီ ဆက်သွယ်လို့ရပါတယ် ( Inda Aung Soe 09778405815 )"ဆိုပြီး သူမရဲ့ Facebook စာမျက်နှာထက်တွင် ဖော်ပြပေးလာတာ ဖြစ်ပါတယ်။အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေ အတွက် ကူညီစောင့်ရှောက် လှူဒါန်းခဲ့တဲ့ အောန်ဆိုင်းတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account
Photo Credit- Awn Seng -Elizabeth FB Account

သတင်း အရင်းအမြစ်Awn Seng-Elizabeth FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T