ကျောက်မြောင်းနဲ့ တာမွေမြို့နယ်အတွင်းမှာ နေ့တိုင်းချီတက်နေကြ ဖြစ်တဲ့ တာမွေ သပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာလည်း ပုံမှန်အတိုင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့ရပါတယ်။
ဒီသပိတ်စစ်ကြောင်းအတွင်းမှာတော့ တာမွေမြို့နယ်သူ မြို့နယ်သားတွေနဲ့ ကျောက်မြောင်း ရပ်ကွက်သူ ရပ်ကွက်သားတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒီသပိတ်စစ်ကြောင်းဟာ ကျောက်မြောင်းရပ်ကွက်အတွင်းမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး ကျားကွက်သစ်လမ်းမပေါ်မှာ အထိုင်သပိတ်အဖြစ် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့တာကိုတွေ့ရပါတယ်။
သြဘာလမ်းနဲ့ ဗညားဒလလမ်းမပေါ်မှာဆိုရင်လည်း ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေရှိနေတာကိုလည်း တွေ့ရပါတယ်။
ဒီညနေပိုင်းမှာတော့ ကျောက်မြောင်းရပ်ကွပ်အတွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်မှုတွေ ရှိနေတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းက အခြားသောမြို့နယ်အချို့မှာလည်း ဆန္ဒပြပြည်သူတွေကို ဖြိုခွင်းမှုတွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။