မြောက်ဒဂုံမှာကျဆုံးသွားခဲ့တဲ့ ကိုချစ်မင်းသူအတွက် အလှူငွေသွားရောက်လှူဒါန်းရင်း အားပေးစကားပြောခဲ့တဲ့ မင်းမော်ကွန်းနဲ့ဘုန်းဆက်သွင်

//s9.kh1.co/6a/6aa47ce6b0f8a41c38c282168b6871b7fbf25b8c.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် မင်းမော်ကွန်းနဲ့ ဘုန်းဆက်သွင်တို့ဟာလည်း ချန်ထားလို့မရတဲ့အနုပညာရှင်တွေပဲဖြစ်ကြပါတယ်....။

Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

လူထုလှုပ်ရှားမှုတွေဟာ ယနေ့ထိတိုင်အရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဆောင်နေကြတာဖြစ်ပြီး တစ်ဖက်မှာလည်း ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးသူတွေများပြားလာတာကိုလည်းတွေ့ရပါတယ်။ အခုလိုထိခိုက်ကျဆုံးသွားကြရတဲ့ သူရဲကောင်းတွေအတွက်လည်း ပြည်သူတွေဟာ တတ်နိုင်တဲ့ဘက်ကနေလှူဒါန်းမှုတွေပြုလုပ်ပေးနေကြတာဖြစ်ပါတယ်နော်.....။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

အခုဆိုရင်လည်း မင်းမော်ကွန်းနဲ့ဘုန်းဆက်သွင်ဟာ ယမန်နေ့ကမြောက်ဒဂုံမှာကျဆုံးသွားခဲ့တဲ့ ကိုချစ်မင်းသူအတွက် လှူဒါန်းမှုတွေသွားရောက်လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ဘုန်းဆက်သွင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ (သေရင်တောင်တန်တယ်) လို့ ညီလေးကပြောခဲ့သေးတာဗျာ ?

ကျွန်တော် အလှူ ငွေ ၁၁ သိန်း ၄ သောင်း လက်ခံရရှိ ခဲ့ပါတယ်။ ညီလေး ချစ်မင်းသူ အမျိုးသမီးကို ၈၂၀၀၀၀ ပေးအပ်ခဲ့ပါတယ်။မ/ဒဂုံ Defense Team အတွက် ၁၀၀၀၀၀ ပေးအပ်ခဲ့ပါတယ်။ဘဏ်မှာ ထုတ်မရသေးတဲ့ လက်ကျန် ၂၂၀၀၀၀ ကို ဆက်ပီး လှူဒါန်းပေးသွားပါမယ် ခင်ဗျာ။ယုံယုံကြည်ကြည် နဲ့ လှူဒါန်းပေးကြတဲ့ အလှူ ရှင်များ ကိုလည်း သာဓု သာဓု သာဓု ပါ ခင်ဗျာ။ကျွန်တော် ကိုယ်တိုင်သွားရောက် လှူပေးခဲ့ပါတယ်......" ဆိုပြီးရေးသားထားခဲ့ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc
Photo credit-PhoneSett Thwin's Facebook acc

သတင်း အရင်းအမြစ်PhoneSett Thwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T