နာရေးအတွက် အလှူငွေတွေသွားရောက်လှူဒါန်းရင်း ကျန်ရစ်သူမိသားစုရဲ့ငိုကြွေးသံတွေကို ဝမ်းနည်းစွာပြန်လည်ပြောပြလာတဲ့ ငွေဇင်လှိုင်း

//s9.kh1.co/5b/5b0dc90f232a3a53085b634d0894992aa30ddf42.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အခိုင်အမာအောင်မြင်မှုတွေကို ရရှိထားပြီး အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသူကတော့ အဆိုတော်ငွေဇင်လှိုင်းပဲ ဖြစ်ပါတယ်..။

ပရိသတ်တွေအသိအမှတ်ပြုလက်ခံအားပေးနေကြတဲ့ ငွေဇင်လှိုင်းကတော့ လတ်တလောမှာ ပြည်သူတွေအားလုံးစည်းစည်းလုံးလုံးနဲ့ ပြုလုပ်နေကြတဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc

လူထုလှုပ်ရှားမှုတွေမှာကိုယ်တိုင်ပါဝင်လုပ်ဆောင်နေတဲ့ သူမကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ရင်း စိတ်မကောင်းစရာအကြောင်းလေးတွေကို ပြန်လည်ပြောပြလာပါတယ်..။

တော်လှန်ရေးကြီးမှာပါဝင်ရင်း အသက်ပေးကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေရဲ့ နာရေးအတွက် အလှူငွေတွေသွားရောက်လှူဒါန်းကာ ကျန်ရစ်သူမိသားစုရဲ့ငိုကြွေးသံတွေကို ဝမ်းနည်းစွာပြန်လည်ပြောပြလာတာပဲ ဖြစ်ပါတယ်..။

Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc

"မြစ်ကြီးနားမှ အသက်ပေးသွားတဲ့ မောင်လေး မျိုးဒန်အောင်ရဲ့ ကျန်ရစ်သူမိသားစု အတွက်

နာရေး အကူငွေ ၃ သိန်းကျပ်

အစ္စလာမ် ဘာသာဝင်ဆရာကြီးအား ကျန်ရစ်သူမိသားစုမှ အကူငွေ လက်မခံလို့ ကလေးတွေရှေ့ကနေ ကာကွယ်ပေးတဲ့ မာသာ ကြီးကို အစားလှူလိုက်ပါတယ် ..?

မောင်လေး လင်းထက်အတွက် နာရေး အကူငွေ ၃ သိန်းကျပ် ...

သွားပေးတော့ ငိုလိုက်တာ ..... သေဆုံးပြီးသားတောင် အလောင်းပြန်မရတဲ့ သားသမီးအတွက် မိခင်တစ်ယောက်ရဲ့ ခံစားမှုတွေ ???.....

သူ့သားလေး ပြန်ရှင်လာရင် ဘယ်လိုလုပ်မလဲတဲ့ ...." ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ကွယ်လွန်သွားကြတဲ့သူရဲကောင်းတွေအတွက် ယူကြုံးအရဝမ်းနည်းရတဲ့အကြောင်းလေးတွေကို ရေးသားထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc
Photo Credit - Ngwezin Hline's Fb Acc

သတင်း အရင်းအမြစ်Ngwezin Hline's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T