အခက်အခဲ အတားအဆီးတွေရှိနေပေမယ့် ရဲရဲဝံ့ဝံ့နဲ့ ညအချိန်ထိပါ ဆီမီးထွန်းရင်း ဆန္ဒထုတ်ဖော်နေကြတဲ့ လှည်းတန်းလမ်းမပေါ်ရှိ ပြည်သူများ

//s9.kh1.co/a5/a5bef712ea4caca50016387996a781014221b06b.jpg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နေကြတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လုပ်ဆောင်နေကြတဲ့ ဒီလှုပ်ရှားမှုကြီးမှာဆိုရင် ဒီမိုကရေစီလိုလားကြတဲ့ပြည်သူတိုင်းဟာ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေးပါ၀င်နေကြတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း ၄၀ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်ကြီးမားလာတာနဲ့အမျှ ဖြိုခွင်းမှုတွေလည်းဆက်တိုက်ဆိုသလိုပြုလုပ်နေကြတာကို ပရိသတ်တွေလည်းတွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမယ့်လည်း ပြည်သူတစ်ရပ်လုံးဟာ ရဲရဲဝံ့ဝံ့နဲ့လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာဖြစ်ပြီး အခုဆိုရင်လည်း ညဘက်အထိပါ လူထုလှုပ်ရှားမှုတွေကို ငြိမ်းချမ်းစွာပြုလုပ်လာကြတာဖြစ်ပါတယ်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

ယနေ့ မတ်လ(၁၂)ရက်နေ့မှာဆိုရင်လည်း ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ်မှာ ညဘက်အထိလူထုလှုပ်ရှားမှုတွေကို ပြည်သူတွေဟာ ဆီမီးထွန်းကြရင်း ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုလိုမျိုး ညအချိန်ထိပါ ရဲရဲဝံ့ဝံ့နဲ့တက်ကြွစွာပါ၀င်လှုပ်ရှားနေကြတဲ့ လှည်းတန်းလမ်းမပေါ်ရှိ ပြည်သူတွေရဲ့ ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

သတင်း အရင်းအမြစ်Myanmarload TV

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T