မြို့နယ်အလိုက် လူထုလှုပ်ရှားမှုတွေ ဆောင်ရွက်ကြမယ့် အစီအစဉ်များကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မတင်ကြဖို့ တောင်းဆိုလိုက်တဲ့ မေတိုးခိုင်

//s9.kh1.co/b8/b829bf260435d2a0f7fbc4789b709b2d9170ed16.jpeg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မေတိုးခိုင်ကတော့  လက်ရှိမြန်မာနိုင်ငံတွင်  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုများတွင်  ပြည်သူများနဲ့အတူ  ပူးပေါင်းဆောင်ရွက်နေသူ  တစ်ဦးလည်း  ဖြစ်ပါတယ်။  လတ်တလော  လမ်းပေါ်ထွက်ဖို့  ခက်ခဲနေပေမယ့်လည်း  မှန်ကန်တဲ့  သတင်းအချက်အလက်တွေကိုတော့  လူမှုကွန်ယက်စာမျက်နှာတွင်  ဝေမျှပေးနေသူလည်း  ဖြစ်ပါတယ်။ ကျဆုံးသွားတဲ့  သူရဲကောင်းများအတွက်လည်း  ယူကြုံးမရဝမ်းနည်းနေပြီး  သူတို့တွေရဲ့ မိသားစုဝင်များအတွက်  လိုအပ်အကူအညီတွေအား  အနုပညာရှင်များနဲ့ စုပေါင်းကာ ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

လူထုလှုပ်ရှားမှုတွေဟာ  တစ်နေ့ထက်တစ်နေ့  ပိုမို ပြင်းထန်လာပြီး  လူအထိအခိုက်များစွာ ရှိလာတဲ့အတွက်  အားလုံးက  စိုးရိမ်နေကြတာလည်း  ဖြစ်ပါတယ်။  ဒါပေမယ့်လည်း  လိုချင်တဲ့ပန်းတိုင်ကို  ရရှိရန်အတွက်  တစ်နိုင်ငံလုံးက  ပြည်သူတော်တော်များများက  မိမိအသက်ဆုံးရှုံးမှာကိုပင်  ပဓာနမထားဘဲ  ပါဝင်နေကြတာကိုလည်း  အားတက်ဖွယ်  မြင်တွေ့ကြရမှာပါ။  

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

ဒီလိုပါဝင်နေပေမယ့်လည်း  တစ်ဖက်က အခြေအနေတော်တော်များများအား  သိရှိနေတဲ့အတွက်  မြို့နယ်အလိုက်  လူထုလှုပ်ရှားမှုများ ဆောင်ရွက်ကြမယ့်အစီအစဉ်တွေအား လူမှုကွန်ယက်ပေါ်တွင် မတင်ကြဖို့ မေတိုးခိုင်တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။  သူမကလည်း ဘယ်မြို့နယ်က ဘယ်လိုစနစ်တကျညီတာမျိုးတွေ Facebook ပေါ်သို့ မတင်သင့်ကြောင်းနှင့်  အခုလိုမျိုးတွေ တင်လိုက်တဲ့  အကျိုးဆက်ကြောင့်  ထိုမြို့နယ်များဟာ  ညဘက်တွင် ပိုပြီးအဖိခံနေရတာပကို  မျက်ဝါးထင်ထင်  မြင်တွေ့နေကြရတာပဲ  ဖြစ်ပါတယ်။  ဒါ့ကြောင့်  အစီအစဉ်မှန်သမျှ လူမှုကွန်ယက်တွင်  မတင်ကြခြင်းဖြင့်  တစ်ဖက်တစ်လမ်းကနေ  ကူညီပေးကြပါဦးနော်။

Source and Photo Crd- May Toe Khine’s Facebook Page 

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T