အလုပ်မရှိတာ(၂)လကျော်ပြီဖြစ်လို့ စားသောက်ဖို့ အခက်အခဲဖြစ်နေကြောင်း ပွင့်ပွင့်လင်းလင်းပြောပြပြီး အကူအညီတောင်းလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/15/156562c4b82afa76ec196d32da697094eb26d283.jpg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အလုပ်မရှိတာ(၂)လကျော်ပြီဖြစ်လို့ စားသောက်ဖို့ အခက်အခဲဖြစ်နေကြောင်း ပွင့်ပွင့်လင်းလင်းပြောပြပြီး အကူအညီတောင်းလာတဲ့ ပြည်သူတစ်ဦး

ဖေဖော်ဝါရီလကတည်းက အပြောင်းအလဲတွေ ဖြစ်ပေါ် ခဲ့တဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် အခုဆိုရင် ဝမ်းရေးနဲ့ပတ်သက်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က သူ့အနေနဲ့ အလုပ်မရှိတာ (၂)လကျော်နေပြီဖြစ်တာကြောင့် စားသောက်ဖို့အတွက် အခက်အခဲဖြစ်နေကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ သူကတော့ လူမှုကွန်ယက်စာမျက်နှာတစ်ဆင့် သူ့ရဲ့ဘဝအကြောင်းကို ရေးသားပြောပြပြီး အကူအညီတောင်းထားတာ ဖြစ်ပါတယ် ။

Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc

ကျူးကျော်ရပ်ကွက်က အိမ်ပုံလေးနဲ့အတူ ဆန်ပြုတ်သောက်နေရတဲ့ သူ့အဖြစ်ကိုပါပြသလာတဲ့ ပြည်သူတစ်ဦးကတော့ သူ့ကိုလှူချင်တဲ့သူ လှူလို့ရအောင် မေတ္တာရပ်ခံတဲ့ Post လေးတင်ခဲ့တာ ဖြစ်ပါတယ် ။ အခုလိုကာလမှာ လူတိုင်းကိုယ်စီ အခက်အခဲတွေရှိကြတာကြောင့် သူ့အနေနဲ့ အကူအညီတောင်းရတာကို အားနာမိကြောင်းနဲ့ မျက်ရည်ချူတာမဟုတ်ကြောင်းကို စာထဲမှာ အရင်ဆုံးရေးသားထားတာ ဖြစ်ပါတယ် ။ စာရဲ့အဆုံးသတ်မှာတော့ အလှူရှင်တွေဆက်သွယ်လို့ရအောင် သူ့ရဲ့ဖုန်းနံပါတ်ကို ဖော်ပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc

စားဝတ်နေရေးနဲ့ပတ်သက်ပြီး ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ရဲ့ရင်ဖွင့်စာကို ဖတ်လိုက်ရတဲ့ ပြည်သူတွေကလည်း သူ့ကိုကူညီဖို့ လိပ်စာတွေ မေးမြန်းစုံစမ်းခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတစ်ချို့ကတော့ စေတနာအပြည့်နဲ့ တတ်နိုင်သလောက် လှူဒါန်းလိုက်ကြောင်းကို သူ့ရဲ့ Post အောက်မှာ Comment ရေးသားခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ပရိသတ်တွေလည်း သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းပြီး ကူညီလို့ရအောင် ဆက်သွယ်ရမယ့် သူ့ရဲ့ဖုန်းနံပါတ်နဲ့ လိပ်စာကို အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Moe Sat's FB Acc

Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Photo Credit-Moe Sat's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T