လတ်တလော ဖြစ်ပေါ်နေတဲ့ ဒီမီုကရေစီအရေး လူထုလှုပ်ရှားမှုတွေဟာ တိုင်းနှင့်ပြည်နယ် မြို့ကြီးတော်တော်များမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေက အားကြိုးမာန်တက် ဆက်လက်ဆန္ဒထုတ်ဖော်ပြသနေဆဲ ဖြစ်ပါတယ်။ ဒီလိုလူထုလှုပ်ရှားမှုတွေမှာ တရားမျှတဲ့ ဒီမီုကရေစီကို ပြန်လည်ရရှိအောင် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ ကျောင်းသားလူငယ်များ ၊ ဘာသာပေါင်းစုံက ရဟန်းသံဃာတော်နဲ့ ဘာသာရေးဆရာများ ၊ ပြည်သူများအပြင် အနုပညာရှင်များစွာက ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။
လူထုလှုပ်ရှားမှုတွေကို နေ့စဥ် ဖြိုခွင်းထိန်းသိမ်းတာတွေရှိနေပေမယ့် ပြည်သူတွေကမကြောက်မရွံ့ပဲ ဆက်လက်ချီတက်နေပြီး ယခုအခါမှာ အခက်အခဲကြားကနေ ညဘက်တွေအထိပါ လူထုလှုပ်မှုတွေပြုလုပ်လာတာ တွေ့ရပါတယ်။ မတ်လ ၁၂ ရက်နေ့က အနယ်နယ်အရပ်ရပ်မှာကျင်းပခဲ့တဲ့ ပြည်လုံးကျွတ်ညသပိတ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် နှင့် တောင်ဒဂုံမြို့နယ်က ရပ်ကွက်နေပြည်သူများကလည်း တညီတညွတ် ပါဝင်ခဲ့ကြပါတယ်။
ဒီညသပိတ်မှာ ပြည်သူအများအပြားပါဝင်ခဲ့ပြီး ဖယောင်းတိုင်မီးများထွန်းညှိကာ လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေအတွက် ဆုတောင်းပေးကြသလို ဒီမီုကရေစီကိုပြန်လည်ရရှိဖို့အတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေက သံပြိုင်ဟစ်ကြွေးသံတွေနဲ့အတူ စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကိုလည်း သီဆိုခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ မတ်လ (၁၂) ရက်နေ့ ညပိုင်းမှာ ငြိမ်းချမ်းစွာကျင်းပခဲ့တဲ့ တောင်ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်က ဆီမီးသပိတ်ထွန်းပွဲနှင့် ကျဆုံးသွားသည့်သူရဲကောင်းများအတွက် ဆုတောင်းပွဲတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - MyanmarloadTV