လမ်းပေါ်မှာရပ်နေတဲ့ စိတ်မနှံ့သူတစ်ယောက်ကို အန္တရာယ်ရှိမှန်းသိရက်နဲ့တောင် အရှေ့အထိသွားပြီး ရအောင်ပြန်ခေါ်လာခဲ့တဲ့ လူငယ်တွေရဲ့ဗီဒီယို

//s9.kh1.co/00/00a8c53e367e560a14cd2f355e7b54995adbeab9.jpg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်မှာရပ်နေတဲ့ စိတ်မနှံ့သူတစ်ယောက်ကို အန္တရာယ်ရှိမှန်းသိရက်နဲ့တောင် အရှေ့အထိသွားပြီး ရအောင်ပြန်ခေါ်လာခဲ့တဲ့ လူငယ်တွေရဲ့ဗီဒီယို

လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုကတော့ အတော်လေးကို ကြည့်ရှုသူများပြားနေတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ လူငယ်တစ်စုက စိတ်မနှံ့တဲ့သူတစ်ယောက်ကို အန္တရာယ်ရှိမှန်းသိရက်နဲ့တောင် သွားရောက်ကူညီခဲ့ကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ လမ်းပေါ်ကို တစ်ယောက်တည်းထထွက်သွားတဲ့ လူတစ်ယောက်ကို လူငယ်တွေက တစ်ဖက်အခြမ်းကနေ ရအောင်ပြန်ခေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီဗီဒီယိုရဲ့အစပိုင်းမှာ ပြည်သူတွေက လမ်းမပေါ်မှာရပ်ပြီး တက်ညီလက်ညီ ဆန္ဒထုတ်ဖော်နေကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ စိတ်မနှံ့တဲ့လူတစ်ယောက်က ဆန္ဒပြနေတဲ့ ပြည်သူတွေအရှေ့ကနေ တစ်ဖက်အခြမ်းကို ထထွက်သွားခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်ပြည်သူတွေက သူတို့အရှေ့မှာရပ်နေတဲ့သူက စိတ်မနှံ့တဲ့သူဖြစ်ကြောင်းကို တစ်ဖက်ကကြားအောင် အော်ဟစ်ပြောပြခဲ့သလို သူ့ကိုအန္တရာယ်မပြုဖို့ လက်ဟန်ခြေဟန်တွေနဲ့ပါ တားမြစ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါပေမဲ့လည်း စိတ်မနှံ့တဲ့သူက လမ်းပေါ်မှာတစ်ယောက်တည်း ငုတ်တုတ်ထိုင်ချလိုက်တာကြောင့် သူ့ကိုစိုးရိမ်နေတဲ့ လူငယ်တစ်စုက ကူညီဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။ ဆန္ဒပြနေတဲ့လူအုပ်စုထဲက လူငယ်တစ်ချို့က ပြည်သူတွေတားနေတဲ့ကြားကနေ စိတ်မနှံ့တဲ့သူကို ပြန်ခေါ်လာဖို့အတွက် အရှေ့ဆုံးအထိ ရောက်အောင်သွားခဲ့ကြတာ ဖြစ်ပါတယ် ။ အန္တရာယ်ရှိနေမှန်းသိရက်သားနဲ့တောင် ရအောင်သွားခေါ်ခဲ့တဲ့ လူငယ်တွေရဲ့လုပ်ရပ်ကို အားလုံးကလည်းလက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ လေးစားချင်စရာကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေအဖြစ် ချီးကျူးခြင်းခံလိုက်တဲ့ လူငယ်တစ်စုရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T