ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ရပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေလို့ သူပိုင်တဲ့ကြက်လေး(၂)ကောင်လိုက်ရောင်းနေရတဲ့ ကိုကိုဇော်

//s9.kh1.co/a2/a25648202578fe586e13d9be1bbcddb1cb67cb79.jpeg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ရပြီး စားဝတ်နေရေးအခက်အခဲဖြစ်နေလို့ သူပိုင်တဲ့ကြက်လေး(၂)ကောင်လိုက်ရောင်းနေရတဲ့ ကိုကိုဇော်

မကြာသေးခင်ရက်ပိုင်းကဆိုရင် မြန်မာ့မီးရထားမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတချို့က မိမိတို့နေထိုင်နေတဲ့ ဝန်ထမ်းအိမ်ရာကနေ ဖယ်ပေးလိုက်ရတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း နေစရာအခက်အခဲတွေရှိနေကြတဲ့ ဝန်ထမ်းတွေကို တစ်တပ်တစ်အားကူညီပေးကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အချင်းချင်းကာကွယ်စောင့်ရှောက်ပေးကြပြီး လိုအပ်သမျှကိုလည်း ဖြည့်ဆည်းပေးကြတာဖြစ်ပါတယ်။မြန်မာလူမျိုးတွေကလည်း နဂိုကတည်းက ဂရုဏာတရားကြီးမားကြတာကြောင့် အခက်အခဲဖြစ်သူတိုင်းကို ကူညီဖေးမပေးကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

အခုဆိုရင်လည်း ဝန်ထမ်းအိမ်ရာကနေဖယ်ပေးလိုက်ရတဲ့ မြန်မာ့မီးရထားဝန်ထမ်း ကိုကိုဇော်ကတော့လတ်တလောမှာဆိုရင် စားဝတ်နေရေးအခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်။ကိုကိုဇော်က မိသားစုကိုတော့ တခြားတစ်နေရာပို့ထားပြီး သူကလည်း သူငယ်ချင်းအိမ်မှာ ခဏမှီခိုနေထိုင်နေတာဖြစ်ပါတယ်။ဝန်ထမ်းအိမ်ရာကနေဖယ်ပေးတဲ့နေ့ကဆိုရင် ကိုကိုဇော်က သူပိုင်ဆိုင်တဲ့ပစ္စည်းလေးတွေကို ယူလာပြီး ကြက်လေးနှစ်ကောင်ကိုပါ ပိုက်လာတာကြောင့် သူ့ရဲ့ပုံရိပ်လေးက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နာမည်ကြီးသွားတာဖြစ်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

ကိုကိုဇော်က သူပိုင်ဆိုင်တဲ့ကြက်လေးနှစ်ကောင်ကို စားဝတ်နေရေးအတွက် လိုက်ရောင်းနေရတာဖြစ်ပါတယ်။ကိုကိုဇော်က ပြည်သူတွေအတွက် တာဝန်သိတတ်စွာနဲ့ အလုပ်ရပ်နားလိုက်ရတာကြောင့် အခုလိုအချိန်မှာ မိသားစုနဲ့တကွဲတပြားနေထိုင်နေရပြီး နေစရာအခက်အခဲပါဖြစ်နေတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ အရမ်းခက်ခဲနေရတဲ့ ကိုကိုဇော်ကို တတ်နိုင်တဲ့သူတွေက တစ်နိုင်တစ်ပိုင်လေးကူညီပေးကြပါဦးနော်။ကိုကိုဇော်ဆီမှာ တိုက်ရိုက်လှူဒါန်းချင်ကြတဲ့ စေတနာရှင်တွေအတွက်လည်း ဖုန်းနံပါတ် (၀၉ ၇၆၂၁၀၈၀၃၆) ကိုဖုန်းဆက်ပြီး လှူဒါန်းလို့ရကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 
Photo Credit:Original Uploder 

Source&Photo Credit:Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T