ဒိုင်းကာရင်း အသက်ပေးကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးချစ်မင်းသူရဲ့နာရေးကို ကိုယ်တိုင်သွားရောက်ဖေးမခဲ့တဲ့ မင်းမော်ကွန်း

//s9.kh1.co/cc/cc33727251eea77b59a79a080e4d11070e12fe63.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ပြည်သူတစ်ရပ်လုံးကြိုးစားလုပ်ဆောင်နေကြတဲ့ တော်လှန်းရေးတိုက်ပွဲကြီးကတော့ တစ်စတစ်စအရှိန်မြှင့်တက်လာသလို ဖြိုခွင်းမှုတွေကြောင့်လည်း လက်ရှိအခြေအနေတွေမှာ အသက်ဆုံးရှုံးမှုတွေအများအပြားရှိလာခဲ့ပြီ ဖြစ်ပါတယ်..။

ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း တက်အားသရွေ့ အစွမ်းကုန် ပူပေါင်းပါဝင်ပြီးကြိုးစားတိုက်ပွဲဝင်နေကြသလို သရုပ်ဆောင်မင်းမော်ကွန်းကလည်း လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လှုပ်ရှားမှုတွေမှာပါဝင်သလို လှူဒါန်းမှုတွေလည်း ပြုလုပ်နေပြီး ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာနားလည်မှုလေးတွေနဲ့အတူ ဖေးမကူညီမှုလေးတွေကိုလည်း ပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းက လူထုလှုပ်ရှားမှုမှာ အများပြည်သူအတွက်ရှေ့ဆုံးကနေဒိုင်းကာ ကာကွယ်ရင်း အသက်ပေးကျဆုံးသွားရှာတဲ့ သူရဲကောင်းလေးချစ်မင်းသူရဲ့နာရေးကို ကိုယ်တိုင်သွားရောက်ဖေးမခဲ့တဲ့အပြင် ကျန်ရစ်သူမိသားစုရဲ့ ကြေကွဲစို့နစ်စရာရင်ဖွင့်စကားလေးကို စိတ်မကောင်းစွာ ပြန်လည်ပြောပြလာပါတယ်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc

"သတ္တိကောင်းလိုက်တာညီလေးရေ

သူ့လိုသတ္တိမျိုး ကျွန်တော်လည်းရှိချင်လိုက်တာ

သူ့ရဲ့ဒိုင်းလေးနဲ့အများကိုကာကွယ်ရင်း

စွန့်လွှတ်အနစ်နာခံသွားရှာတာ

ပထမတစ်ချက်ဗိုက်ကိုထိတယ်

မသေသေးလို့နားထင်ကိုထပ်ပစ်တာတဲ့လေ

သူ့အမျိုးသမီးကပြောတယ်

သူ့အတွက်အားလုံးဂုဏ်ယူနေပေမယ့်

ကျွန်မအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့

ယောက်ကျားကောင်းတစ်ယောက်ကို

ဆုံးရှုံးလိုက်ရတာပါတဲ့.." ဆိုပြီး မင်းမော်ကွန်းက စိတ်မကောင်းစွာနဲ့ ပြန်လည် ပြောပြထားတာပါ..။

ကျန်ရစ်သူမိသားစုတွေရဲ့ ကြွေကွဲစွာရင်ဖွင့်လာတဲ့ ဝမ်းနည်းစရာစကားလေးကြောင့် ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ကာ မှတ်ချက်လေးတွေပေးပြောထားကြပါတယ်နော်..။

Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - Kyaw Kyaw Htay Lwin's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc
Photo Credit - The Khit Nay's Fb Acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T