ဦးရိုင်းရဲ့ မွေးနေ့မှာ သက်ရှည်ကျန်းမာပြီး ဘုန်းကံကြီးပါစေလို့ ဆုတောင်းပေးလာတဲ့ ငှက်ပျောကြော်

//s9.kh1.co/e0/e07b6bc15d0512a0b2b12b1c66f6d9629f9981a2.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင်ကြီး ဦးငှက်ပျော်ကြော်ကတော့ အနုပညာလောကထဲမှာ ညီအစ်ကိုရင်းတစ်​ယောက်လို ခင်မင်ရတဲ့ ဦးရိုင်းအတွက် မွေးနေ့ဆုတောင်းစာကို တင်ပေးလာခဲ့ပါတယ်။ အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဥ်ကတည်းက အတူတွဲဖက်လုပ်ကိုင်ခဲ့ပြီး အတွဲညီတဲ့ သူတွေဖြစ်လို့ ပရိသတ်တွေက အားပေးကြတာလည်း ဖြစ်ပါတယ်။ အငြိမ့်ဇာတ်ခုံမြင့်ထက်မှာလည်း အတိုင်အဖောက်ညီကာ ဟာသပြက်လုံးတွေကို ထုတ်တတ်သူတွေလည်း ဖြစ်ပါတယ်။

Photo credit - Ngapyaw Gyaw's FB Account
Photo credit - Ngapyaw Gyaw's FB Account

 ယနေ့ မတ်လ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဦးရိုင်းရဲ့ မွေးနေ့မှာတော့ ဦးငှက်ပျောကြော်က အရင်က အမှတ်တရတွေရှိခဲ့တဲ့ ပုံတွေကို တင်ပေးလာရင်း ဆုတောင်းစကားလည်း ပြောလာခဲ့ပါတယ်။

ဒါကတော့ ဦးငှက်ပျောကြော်က " အထာမထားတဲ့ဆရာသမား"ကိုအရိုင်း"သက်ရှည်ကျန်းမာဘုန်းကံကြီးပါ​စေ​ကြောင်း အ​ဝေးတစ်​နေရာမှဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ် " ဆိုတဲ့ ဆုတောင်းစာပဲ ဖြစ်ပါတယ်။

Photo credit - Ngapyaw Gyaw's FB Account
Photo credit - Ngapyaw Gyaw's FB Account

ပွင့်ပွင့်လင်းလင်းနဲ့ အရှိကို အရှိအတိုင်း ပြောဆိုတတ်တဲ့ ဦးရိုင်းရဲ့ မွေးနေ့မှာ သက်ရှည်ကျန်းမာပြီးဘုန်းကံကြီးပါစေလို့ လူမှုကွန်ယက်ထက်မှာ ဆုတောင်းပေးလာတဲ့ ဦးငှက်ပျောကြော်ရဲ့ စာသားတွေနဲ့ ပုံတွေကို ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း ယနေ့ကျရောက်တဲ့ ဦးရိုင်းရဲ့ မွေးနေ့အတွက် ဆုတောင်းစကားတွေကို ကောမန့်မှာ ရေးပေးခဲ့ဖို့ တောင်းဆိုလိုက်ပါတယ်။ 

Photo credit - Ngapyaw Gyaw's FB Account
Photo credit - Ngapyaw Gyaw's FB Account
Photo credit - Ngapyaw Gyaw's FB Account
Photo credit - Ngapyaw Gyaw's FB Account

သတင်း အရင်းအမြစ်Source - Ngapyaw Gyaw's FB Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T