ကိုယ့်ဇာတိ မိုးကုတ်မြို့ ပြန်ပြီး ကိုယ်တိုင် ထိထိရောက်ရောက် မကူညီနိုင်လို့ စိတ်မကောင်းဖြစ်နေကြောင်း ရင်ဖွင့်လာတဲ့ ခါရာ

//s9.kh1.co/c3/c3a04932d5275e869583f52f7a2237a2b4cad7db.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ.....သရုပ်ဆောင် မင်းသား ခါရာကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်လက် ပဲဖြစ်ပါတယ်။ခါရာက လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသတဲ့ အချိန်ကစပြီး ယုံကြည်ခိုင်ခိုင်မာမာနဲ့ ပါဝင် လာခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ဒီမိုကရေစီပြန်လည် ရရှိရေးအတွက် နေ့တိုင်းနီးပါး လမ်းမပေါ်ထွက်ပြီး အပင်ပန်းခံကာ ပြည်သူတွေနဲ့အတူ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page

အခုလို လူထုလှုပ်ရှားမှု ပြုလုပ်လာတာလည်း တစ်လကျော်ဆိုတဲ့ အချိန်ကိုရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြည်သူလူထုကလည်း အားမလျော့ပဲ ဆက်လက် ကြိုးစားနေကြတုန်း ပဲဖြစ်ပါတယ်။ဒါ့အပြင် တစ်ဖက်တွင်လည်း နွေဦးတော် လှန်ရေးတွင် အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းများအတွက် အလွန် စိတ်မကောင်း ဖြစ်ကြကာ အခုထက်ပိုပိုပြီး အားသွန်ခွန်စိုက် ချီတတ်နေကြတာ ဖြစ်ပါတယ်။ခါရာက အခုလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ အတူ လမ်းမပေါ်ကို မထွက်နိုင်တော့ပေမယ့်လည်း သူတတ်နိုင်သလောက် လူမူကွန်ယက် စာမျက်နှာကနေတစ်ဆင့် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page

မနေ့ကဆိုရင်လည်း ခါရာက သူ့ရဲ့ဇာတိဖြစ်တဲ့ မိုးကုတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အင်အားသုံးဖြိုခွဲကာ ဖမ်းဆီးခဲ့တာကြောင့် မကူညီနိုင်လို့ ဝမ်းနည်းနေကြောင်းကို သူရဲ့Facebook Story တွင် "ဒီနေ့ ကျွန်တော်တို့ မိုးကုတ်မြို့လေးမှာ ရေပူဆရာတော်အပါအဝင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ ထပ်ပြီး မတရားဖမ်းဆီးခံရတယ်ဆိုတာ ကြားရတော့ ကိုယ့်ဇာတိ မိုးကုတ်မြို့ ပြန်ပြီး ကိုယ်တိုင် ထိထိရောက်ရောက် မကူညီနိုင်တာကို အရမ်းဝမ်းနည်းမိတယ်??"ဆိုပြီး ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုမှာ ပါဝင်ကြမယ့် ပြည်သူတွေလည်း ဂရုစိုက်ကြပါလို့ ပြောရင်း မြန်မာပြည်သူ ပြည်သားများအားလုံး ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်????

Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page
Photo Credit - Khar Ra FB Page

သတင်း အရင်းအမြစ်Khar Ra FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T