ပြည်သူတွေအတွက်လိုအပ်တဲ့နေရာလေးတွေမှာ လိုက်လံလှူဒါန်းရင်း ၇ရက်သားသမီးတွေနဲ့အတူ ကုသိုလ်ယူခဲ့တဲ့ စူးရှထက်

//s9.kh1.co/74/74a34fefd5053310f3ec5a9a8413039c5a905a9f.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်စူးရှထက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အခိုင်အမာရပ်တည်နေသလို စကားပြောပွင့်လင်းတာတွေကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူပါ..။

စူးရှထက်ကတော့ လက်ရှိတော်လှန်ရေးအချိန်တွေမှာလည်း လူထုလှုပ်ရှားမှုတွေပါဝင်နေသလို လှူဒါန်းမှုလေးတွေကိုလည်း တတ်နိုင်သလောက် အားဖြည့်လုပ်ဆောင်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေအားလုံးနဲ့အတူ ကျရာနေရာကနေ ကိုယ်တိုင်ပါဝင်နေပြီး အစားအသောက်တွေလည်း အပင်ပန်းခံချက်ပြုတ်လှူဒါန်းနေတဲ့ သူမကတော့ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။

ပြည်သူတွေအတွက်လိုအပ်တဲ့နေရာလေးတွေမှာ လိုက်လံလှူဒါန်းရင်း အရေးတော်ပုံကြီးမှာ တက်အားသရွေ့ ပါဝင်နေတဲ့ စူးရှထက်ကတော့ ဒီကနေ့လေးမှာလည်း ပြည်သူဝန်ထမ်းတွေခိုလှုံနေထိုင်နေကြတဲ့ ဘုန်းကြီးကျောင်းမှာ ၇ရက်သားသမီးတွေနဲ့အတူ ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှလာပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

"အခုလိုလာလှူတဲ့ ချစ်ခလေးတို့ကို လိုက်လံ

ကူညီ အလှူပါရမီဖြည့်ခွင့်ရလို့ အတိုင်းထက်အလွန်

ကြည်နူးမိပါတယ် လာရောက်လှူဒါန်းတဲ့ ချစ်ခလေး

တို့တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်??

နောင်အရေးတော်ပုံအောင်တဲ့အခါ ပျော်ပျော်ပါးပါး

တစ်ကြိမ်ပြန်ဆုံကျပါအုံးမယ်?

အရေးတော်ပုံအောင်ရမည်.." ဆိုပြီး အလှူပုံရိပ်လေးတွေကို စူးရှထက်က ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ပြည်သူတွေအတွက် လိုအပ်တဲ့နေရာလေးတွေမှာ လိုက်လံလှူဒါန်းနေသလို ၇ ရက်သားသမီးတွေရဲ့အလှူလေးတွေကိုလည်း အင်တိုက်အားတိုက်လိုက်လံကူညီနေတဲ့ စူးရှထက်ကိုလည်း ပရိသတ်တွေက ချီးကျူးစကားလေးတွေ ဆိုထားကြတာ တွေ့ရပါတယ်..။

Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc
Photo Credit - Zar Chi's Fb Acc

သတင်း အရင်းအမြစ်Zar Chi's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T