မိသားစုရဲ့စားဝတ်နေရေးက အရမ်းခက်ခဲနေတာကြောင့် လမ်းပေါ်မှာ အိုးဖာတိပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ အဘတစ်ဦး

//s9.kh1.co/4b/4bd66dcb5d9d3da481aedf65649384adb095fb78.jpeg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုရဲ့စားဝတ်နေရေးက အရမ်းခက်ခဲနေတာကြောင့် လမ်းပေါ်မှာ အိုးဖာတိပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက်ဖြေရှင်းနေရတဲ့ အဘတစ်ဦး

၂၀၂၀ခုနှစ် (၃)လပိုင်းကတည်းက မြန်မာနိုင်ငံအတွင်းကို COVID-19 စတင်ဝင်ရောက်လာတာကြောင့် ပြည်သူတွေလည်း စီးပွါးရေးတွေ ကျပ်တည်းလာကြတာဖြစ်ပါတယ်။ဒါ့အပြင် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုလည်း ပြည်သူလူထုက မရှိရှိတဲ့အားလေးကိုတင်းပြီး ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စီးပွါးရေးက အခုချိန်ထိ ပြန်ပြီးဦးမော့မလာသေးတာကြောင့် အကုန်လုံးခက်ခဲနေရပေမယ့်ပြည်သူအချင်းချင်း တတ်နိုင်သလောက် ကူညီပေးကြတာဖြစ်ပါတယ်။စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတချို့ကလည်း အခုချိန်မှာ တစ်ပိုင်တစ်နိုင်စီးပွါးရေးလေးတွေလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

အခုဆိုရင်လည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘတစ်ဦးက ရွှေဘုံသာလမ်း(မဂိုလမ်း)မှာ အိုးဖာတိပ်လေးတွေကို မိသားစုစားဝတ်နေရေးအတွက် ရောင်းချနေတာဖြစ်ပါတယ်။အခုလိုအချိန်မှာ အဘက စားစရာမရှိလို့လမ်းမပေါ်ထွက်လာပြီး အရင်းအနှီးနည်းတဲ့စီးပွါးရေးလေးကို လုပ်ဆောင်နေရတာဖြစ်ပါတယ်။အဘက စျေးရောင်းနေပေမယ့်လည်း လက်ရှိအခြေအနေကြောင့် ဝယ်မယ့်သူလည်းမရှိဖြစ်နေတာ ဖြစ်ပါတယ်။အဘက ရွှေဘုံသာလမ်း(မဂိုလမ်း)မှာ စျေးရောင်းလာခဲ့တာ နှစ်ပေါင်းအတော်ကြာမြင့်နေပြီဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ဒီလိုကာလမှာ သာမာန်လူတန်းစားတွေတောင် ခက်ခဲနေတဲ့ အခြေအနေဖြစ်လို့ အဘတို့အတွက်ကတော့ ပုံမှန်စားသောက်နိုင်ဖို့အတွက်တောင် ခက်ခဲနေတာဖြစ်ပါတယ်။ဖြတ်သွားဖြတ်လာတဲ့ပြည်သူတစ်ဦးက စျေးရောင်းနေတဲ့အဘကိုတွေ့တာကြောင့် သူ့အတွက်မလိုအပ်ပေမယ့် အိုးဖာတိပ်တွေလည်း ဝယ်လိုက်ပြီး စားစရာတွေနဲ့အလှူငွေကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။အခုလိုကာလမှာ အရမ်းခက်ခဲနေတဲ့ အဘရဲ့စားဝတ်နေရေးကို တတ်နိုင်သလောက်လေးကူညီပေးနိုင်ဖို့အတွက် အဘရဲ့နေရပ်လိပ်စာနဲ့ စျေးရောင်းတဲ့နေရာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T