အခက်အခဲတွေကြားကနေ လှိုင်မြို့နယ်လူထုလှုပ်ရှားမှုကြီးမှာ တက်ကြွစွာပါ၀င်အားဖြည့်နေတဲ့ မင်းမော်ကွန်း

//s9.kh1.co/e3/e3606953b62f181b465c683ecdcf781244b17d40.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေအတွင်းမှာ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူထဲကပြည်သူတွေပဲဖြစ်တာမလို့ တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေနဲ့တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေကြတာကို ပရိသတ်တွေအနေနဲ့လည်း တွေ့မြင်ကြမယ်ထင်ပါတယ်နော်။ အခုလိုမျိုးအားကြိုးမာန်တက်နဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်အားဖြည့်နေတဲ့သူတွေထဲမှာဆိုရင် မင်းမော်ကွန်းတစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

မင်းမော်ကွန်းဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ရက်တည်းကစကာ ရဲရဲဝံ့ဝံ့နဲ့ရှေ့ဆုံးကနေတက်ကြွစွာပါ၀င်အားဖြည့်နေတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့ပြင်မင်းမော်ကွန်းဟာ လူထုလှုပ်ရှားမှုတွေမှာပါ၀င်နေရုံသာမက ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက်လည်း အလှူငွေတွေပါ လှူဒါန်းရင်းကိုယ်တိုင်ကိုယ်ကျ အားပေးစကားပြော‌‌တာတွေပါ ပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်နော်.....။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

အခက်အခဲအတားအဆီးများစွာရှိနေတဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင် အရှိန်‌လျော့မသွားပဲ မြို့နယ်အနှံ့အပြားမှာဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ယနေ့မှာဆိုရင်လည်း မင်းမော်ကွန်းဟာ လှိုင်မြို့နယ်လူထုလှုပ်ရှားမှုကြီးမှာ ပါ၀င်အားဖြည့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ Facebookစာမျက်နှာမှာလည်း "လှိုင်သပိတ်..." ဆိုပြီးရေးသားဖော်ပြထားပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Kyaw Kyaw Htay Lwin's Facebook acc
Photo credit-Kyaw Kyaw Htay Lwin's Facebook acc

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T