ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်လို့ လူထုလှုပ်ရှားမှုကြီးမှာ တက်ကြွစွာ ပါဝင်နေခဲ့တဲ့ ညီညီမောင် (စမ်းချောင်း)ရဲ့ ​ဗီဒီယိုဖိုင်

//s9.kh1.co/11/110d89efb19b43bb2550fae2b6647c6d44131e24.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မိတ်ကပ်ဖန်တီးရှင် ညီညီမောင် ( စမ်းချောင်း) ကတော့ ဒီကနေ့ မတ်လ ၁၃ရက်နေ့မှာ သူနေထိုင်ရာ စမ်းချောင်းမြို့က လူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ ပါဝင်နေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ပြောင်းလဲခဲ့ရတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့ ထပ်တူ ပါဝင်ခဲ့တဲ့ ညီညီမောင်က ယနေ့အထိလည်း ဇွဲမလျော့ပဲ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

Photo credit - Nyi Nyi Maung's FB account
Photo credit - Nyi Nyi Maung's FB account

အလှူအတန်းကိုလည်း ရက်ရောတဲ့ ညီညီမောင်ကတော့ သူရဲ့ ချွေးနည်းစာထဲကနေ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေအတွက်လည်း လိုအပ်တဲ့ မုန့်နဲ့ အခြားသော ပစ္စည်းတွေကို လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ ညီညီမောင်က သူရဲ့ ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ မှတ်တမ်းတင်လေ့ရှိတာပါ။

Photo credit - Nyi Nyi Maung's FB account
Photo credit - Nyi Nyi Maung's FB account
Photo credit - Nyi Nyi Maung's FB account
Photo credit - Nyi Nyi Maung's FB account

ယနေ့မှာလည်း ညီညီမောင် (စမ်းချောင်း) က သူရဲ့ Facebook Mydayထက်မှာ ဗီဒီယိုတစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုကြီးကို ဖြိုခွဲကြပေမယ့်လည်း ပြန်လည်ထကြွကာ စည်းလုံးကြတဲ့ သူနေထိုင်ရာ စမ်းချောင်းမြို့က ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ တရားမျှတမှုရရှိအောင် တောင်းဆိုနေတဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ပေးလာခဲ့ပါတယ်။ ညီညီမောင်ရဲ့ အဆိုပါ ဗီဒီယိုဖိုင်ကို ပရိသတ်တွေ ကြည့်ရှုစေနိုင်ဖို့အတွက် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ 

Photo credit - Nyi Nyi Maung's FB account
Photo credit - Nyi Nyi Maung's FB account

သတင်း အရင်းအမြစ်Source- Nyi Nyi Maung's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T