ယနေ့မှာတော့ နွေဦးတော်လှန်ရေးဆင်နွှဲကြရင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေများစွာရရှိကြတဲ့အပြင် ပြည်မြို့က ပြည်သူတစ်ဦးလည်း အသက်ပေးခဲ့ရပါတယ်။နိုင်ငံအတွက် အသက်ပေးခဲ့ရတဲ့ ပြည်မြို့က ညီလေးထက်မြတ်အောင်ဟာ အသက်၁၉နှစ်အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ညီလေးထက်မြတ်အောင်ရဲ့ သတင်းဟာ မြန်မာပြည်သူပြည်သားတွေကို အလွန်စိတ်မကောင်းဖြစ်ဝမ်းနည်းစေခဲ့ပါတယ်။
ယခုမှာတော့ ဥက္ကာမင်းမောင်တစ်ယောက်ဟာ ယနေ့မှာ ကျဆုံးသွားတဲ့အသက်၁၉နှစ်အရွယ်ညီလေးထက်မြတ်အောင်အတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေပြီး သူရဲ့ခံစားချက်တွေကို ဖွင့်ဟလိုက်ပါတယ်။ သူကတော့ " ပြည်မြို့မှာ ဒီနေ့ သေဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ သူရဲကောင်း ညီလေးထက်မြတ်အောင်... ရင်ထဲ တော်တော်မကောင်းဘူး.. တစ်ဦးတည်းသောသားတဲ့.. သူ့မိဘတွေ ဘယ်လောက်တောင်ရင်ကျိုးလိုက်မလဲ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
သူကတော့ " အနာဂါတ်တက်လမ်းတွေ ရှိတဲ့ ခေတ်လူငယ်တွေ စောက်အာဏာရူးတွေနဲ့ စောက်သုံးမကျတဲ့ ရဲတွေကြောင့် သေကြေပျက်စီး ရတာ.. တချို့ မသေလည်း ဒုက္ခိတဖြစ်ရတာ မန္တလေးမှာလည်း ၉ယောက်သေတယ်လို့ ကြားပါတယ်.. မသတ်ကြပါနဲ့တော့.. တောင်းပန်ပါတယ်.. ညီလေးရေ... ကောင်းရာသုဂတိလားပါစေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။နွေဦးတော်လှန်ရေးဆင်နွှဲရင်း ပြည်မြို့မှာ ကျဆုံးသွားပြီဖြစ်တဲ့ သူရဲကောင်းညီလေးထက်မြတ်အောင်တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
Source: okkar min maung ' s facebook page