ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာတော့ ရန်ကုန်တိုင်းအတွင်းမှာ လူမဲ့သပိတ်တွေ စတင်ပြုလုပ်ပီး ဆန္ဒထုတ်ဖော်လာတာကို တွေ့ရပါတယ်။
ဒီလူမဲ့ သပိတ်ကိုတော့ ရန်ကုန်တိုင်းအတွင်းက လှည်းတန်း ဗဟိုလမ်းပေါ်မှာ ပြုလုပ်ပီး ဆန္ဒထုတ်ဖော်ထားတာကိုတွေ့ရပါတယ်။
ဒီသပိတ်အတွင်းမှာတော့ " Please Save Our Leader Future Hope" လို့ရေးထားတဲ့ ဆိုင်းဘုတ် တွေကို ထောင်ပီး လူမဲ့သပိတ်အဖြစ် ဆန္ဒထုတ်ဖော်ထားတာပဲ ဖြစ်ပါတယ်။
လူမဲ့သပိတ်ရဲ့ အရှေ့မှာတော့ အထိုင်သပိတ်အဖြစ် ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေများစွာကို တွေ့ရပါတယ်။
ဗဟိုလမ်း တစ်လျှောက်မှာလည်း လမ်းတွေကို ပိတ်ဆို့ကာ အကာအရံတံတိုင်းတွေ ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်သူ ပြည်သူတွေ ရှိနေတာကို တွေ့ရပါတယ်။
ကျောင်းသားတွေနဲ့ အလုပ်သမားတွေပါဝင်တဲ့ သပိတ်စစ်ကြောင်းကလည်း လှည်းတန်း ဗလိုလမ်းပေါ်ကို လာရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကို တွေ့ရပါတယ်။