Twitterမှာ ချက်ချင်းပျံ့နှံ့လာတဲ့ ပြည်မြို့လူထုလှုပ်ရှားမှုမှာ ကြွေလွင့်သွားခဲ့ရတဲ့ရေကြောင်းပညာတက္ကသိုလ်မှ ကျောင်းသားလေးတစ်ဦး

//s9.kh1.co/42/42b4181f5421ed03dc040c29abc3317410551eb8.jpg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလုထုဟာလူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်လာကြတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုကြီးဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်ကာ လူကြီးလူငယ်မရွေး၊ လူမျိုးဘာသာမရွေးပါ၀င်လုပ်ဆောင်လာကြတာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ အရှိန်အဟုန်ကောင်းစွာနဲ့ဆက်တိုက်လုပ်ကိုင်လာကြတာဖြစ်ပါတယ်နော်.....။

Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV
Photo credit-Myanmarload TV

အခုလိုအရှိန်အဟုန်မြင့်လာတာနဲ့အမျှ ဖိနှိပ်ဖြိုခွင်းမှုတွေကလည်း ဆက်တိုက်ဆိုသလိုပေါ်ပေါက်လာနေတာဖြစ်ပြီး ထိခိုက်ကျဆုံးသူတွေလည်း များပြားလာနေပြီဖြစ်ပါတယ်။ ယနေ့ မတ်လ (၁၃)ရက်နေ့ ပြည်မြို့မှာဖြစ်ပေါ်ခဲ့တဲ့ ဖြိုခွင်းမှုကြောင့် ရေကြောင်းပညာတက္ကသိုလ်မှကျောင်းသားလေးဖြစ်တဲ့ မောင်ထက်မြက်အောင်တစ်ယောက်ကျဆုံးခဲ့ရတာဖြစ်ပါတယ်။ သူဟာ Marine Mechanical ပထမနှစ်မှာတက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားလေးဖြစ်ပြီး အသက် (၁၈)နှစ်ပဲရှိသေးတာလည်းဖြစ်ပါတယ်....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Myanmarload TV
Photo credit-Myanmarload TV

အခုလိုရဲရင့်လှတဲ့ လူငယ်လေးကျဆုံးသွားတဲ့အပေါ် အနုပညာရှင်အတော်များများကလည်း Twitterကနေတစ်ဆင့် ကမ္ဘာသိအောင်တင်ပေးနေကြတာဖြစ်ပြီး Twitterအသုံးပြုသူတွေကြားမှာလည်း အချိန်တိုအတွင်းပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်နော်....။ ပထမနှစ်တောင်ပြီးဆုံးအောင် ပညာသင်ကြားခွင့်မရလိုက်တဲ့ လူငယ်လေးအတွက် လွန်စွာလည်းစိတ်မကောင်းဖြစ်မိတာ‌ကြောင့်ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Photo credit-Twitter acc
Photo credit-Twitter acc
Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T