ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေရင်း ကျဆုံးသွားသော ကိုချစ်မင်းသူ၏ ဈာပနအခမ်းအနား

//s9.kh1.co/32/321a9f09a6fb3f824565518c1d7788f3e9f45e4e.jpg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ခုလက်ရှိချိန်မှာဆိုရင် မြန်မာနိုင်ငံကပြည်သူတွေဟာ လက်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စကြောင့် ကိုယ်နေထိုင်ရာ နေရပ်အသီးသီးကနေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြလျက်ရှိပါတယ်။ ထိုသို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေသော်လည်း ယနေ့တိုင် ကျဆုံးသူများစွာ ရှိနေခဲ့ပါတယ်။ ခုဆိုရင်လည်း မတ်လ ၁၁ ရက်နေ့က မြောက်ဒဂုံ လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားခဲ့ရတဲ့ ကိုချစ်မင်းသူရဲ့ ဈာပနအခမ်းအနားကို ယနေ့ မတ်လ ၁၃ ရက်နေ့တွင် ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/6c/6cc8e7d22b3a737424805843f6916cd6ee8b91cb.jpg
https://s9.kh1.co/__image/w=650,h=867,q=100/64/64e4fe5c999fc619a5ec45d79bcba5c5ad45abf4.jpg
https://s9.kh1.co/__image/w=650,h=867,q=100/ae/ae3726573d878c7525b771e2c884f10a0d1ef215.jpg

"ဒီနေ့ ငါမထွက်ရင် ငါ့လိုမထွက်တဲ့သူတွေများလာတဲ့အခါ မြန်မာနိုင်ငံဒီမိုကရေစီပြန်မရမှာစိုးရိမ်တယ် " လို့ပြောသွားခဲ့တဲ့ အာဇာနည်သူရဲကောင်း ကိုချစ်မင်းသူရဲ့ဈာပနအခမ်းအနားကို ပြည်သူအများအပြားလည်းတက်ရောက်ခဲ့ပြီး၊ အာဇာနည်သူရဲကောင်းအဖြစ်ဂုဏ်ပြုရင်း အသုဘလိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။ လက်ရှိအချိန်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသရင်း ကျဆုံးသူပေါင်း အယောက် ၈၀ ကျော်ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/e5/e57c2fd417ab99702694f9866da257c4a75cc2f8.jpg
https://s9.kh1.co/__image/w=650,h=488,q=100/b4/b4c28127b48a7dc9667bada01ca784e01ab09c2f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/24/247d93d27d9197aa0fde4876c4800306964a10d5.jpg

" စစ်မှန်တဲ့ ဒီမိုကေရစီ ရရှိဖို့ အများပြည်သူအတွက် အာဏာရှင်ကို အသက်နဲ့ ရင်းပြီးတွန်းလှန်ခဲ့တဲ့ ညီငယ်လေး ချစ်မင်းသူ ကို သွားရောက်အလေးပြု ပို့ဆောင်ခဲ့သလို ၊ကိုယ်တက်နိုင်တဲ့ဘက်က ညီလေးအတွက် ကူညီပေးခဲ့တယ် ၊ ညီလေးရေ မင်းလိုချင်တဲ့ ဒီမိုကရေစီစစ်စစ်တစ်ခုရဖို့အတွက် မင်းရဲ့ သူငယ်ချင်းတွေ ၊ ပြည်သူတွေက အာဏာရှင်ကို ရရာနေရာကနေ တွန်းလှန်သွားကြမယ်ဆိုတာ ညီလေး ယုံပါ " လို့ ဈာပနအခမ်းအနားတက်ရောက်လာသူပြည်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဈာပနအခမ်းအနားက ပုံရိပ်တွေကိုလည်း တင်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/93/93016723f79eef7b9d7f907ee26158d7d6002bb6.jpg
https://s9.kh1.co/__image/w=650,h=867,q=100/68/68cf18cc216f1db16a5cbf9ca2d2fa540d9cab1d.jpg
https://s9.kh1.co/__image/w=650,h=488,q=100/5e/5e97cbeeb60f37bda96a037bf58cd7ab2cb67847.jpg
https://s9.kh1.co/__image/w=650,h=488,q=100/d8/d83cc64e48c9132bc30b5e4e8fe06dae9693ff07.jpg
https://s9.kh1.co/__image/w=650,h=488,q=100/fc/fcc5b7f268b2b2bb57d3e4e5d650a5e6463d9c54.jpg
https://s9.kh1.co/__image/w=650,h=488,q=100/84/84913f523985bdfa155485a03af41a4ddd029cb1.jpg
https://s9.kh1.co/__image/w=650,h=867,q=100/05/05903b92d5fbc71dce9c78a954cb493c923ce50c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/01/0149824e695f46e63e380419b767bc1cd77b3c4c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/40/40706220f85ea5922b77e2e840d0dbc720e9a8dc.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T