ဒဏ်ရာရရှိတဲ့လူနာတွေကို ကုသပေးနေတဲ့ဆေးရုံရဲ့နာမည်ကို ဖေ့ဘွတ်စာမျက်နှာထက်မှာမတင်ဖို့ သတိပေးတောင်းဆိုလိုက်တဲ့ အိချောပို

//s9.kh1.co/8a/8a7d44746ad1af8d92c14fc5459d4f8e6b5e8f17.jpeg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.....

တစ်ရက်ထက်တစ်ရက်တိုးလာတဲ့ သေဆုံးသူတွေ ဒဏ်ရာရရှိသူတွေကိုကြည့်ပြီး ပြည်သူတွေဟာနေ့စဉ်တိုင်း စိတ်မကောင်းဖြစ်ကာ ကြေကွဲဝမ်းနည်းရင်း သူတို့ကိုယ်တိုင်လည်း စိုးရိမ်ပူပန်မှုတွေကြားမှာနေထိုင်နေရပါတယ်။မြန်မာနိုင်ငံရဲ့နေရာအနှံအပြားမှာ နေ့ရောညပါ ပစ်ခတ်မှုတွေကိုရင်ဆိုင်နေရပေမယ့်လည်း အားလုံးကတော့လက်မလျော့ဘဲရရင်ရသလို လှုပ်ရှားမှုတွေကိုပြုလုပ်နေဆဲပါ။

Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account

ခုဆိုရင် ညဘက်တွေပါ တစ်ချို့မြို့နယ်တွေမှာ ပြည်သူတွေစုပေါင်းပြီ ညသပိတ်တွေကိုဖန်တီးလာကြတာတွေ့ရပါတယ်။ပြည်သူတွေအားလုံးက အသက်ဆုံးရှုံးမှာကိုမမူဘဲ ဆက်လက်လှုပ်ရှားနေကြတာလည်းဖြစ်သလိုအားလုံးကလည်းအချင်းချင်းသွေမကွဲဘဲ တစ်ယောက်ကိုတစ်ယောက်ကူညီစောင့်ရှောက်ရင်း ရရာနေရာကနေအားဖြည့်ပါဝင်နေကြတာပါ။

Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account

ဒါ့အပြင်လိုက်နာရမယ့်အချက်တွေကိုလည်းအချင်းချင်းဝေမျှကြသလို မလုပ်သင့်တဲ့ အချက်တွေကိုလည်းဝေဖန်ထောက်ပြပေးတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုဆိုလည်း အိချောပိုက အရေးကြီးဆုံးအချက်ဖြစ်တဲ့ သတိထားရမယ့်အရာလေးကို Follower တွေများစွာပိုင်ဆိုင်ထားတဲ့ သူရဲ့အကောင့်လေးမှာ လူအများသိရှိနိုင်စေရန် ဝေမျှလာတာတွေ့ရပါတယ်။ ဒဏ်ရာရရှိသူတွေကို ကုသပေးနေတဲ့ ဆေးရုံဆေးခန်းတွေရဲ့နာမည်တွေကိုမဖော်ပြသင့်ကြောင်းနောင်အခါမှာ ဆက်လက်ကုသပေးလို့မရနိုင်တော့မှာစိုးရိမ်မိကြောင်းခုလိုပုံလေးနဲ့တကွဖော်ပြလာပါတယ်။" ကျေးဇူးပြုပြီး လူနာတွေကိုကုသပေးနေတဲ့ ဆေးရုံနာမည်တွေနဲ့ ဆေးရုံပုံတွေကိုမတင်ကြ မ share ကြပါနဲ့နော်နောက်ဆိုကုသပေးဖို့အခက်ခဲဖြစ်သွားမှာစိုးလို့ပါရှင်"ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်တွေလည်းသိရှိထားသင့်လို့ မျှဝေပေးလိုက်ပါတယ်။

Photo Credit : Ei Chaw Po Facebook Account
Photo Credit : Ei Chaw Po Facebook Account
Source & Photo Credit : Ei Chaw Po Facebook Account
Source & Photo Credit : Ei Chaw Po Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T