ညပိုင်းမှာလည်း လမ်းမပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ရင်ထဲကဆန္ဒအမှန်တရားများအား ထုတ်ဖော်နေတဲ့ သန္တာဗိုလ်ရဲ့ဗီဒီယို

//s9.kh1.co/55/5580d7776566a0662c81d5d3e1ae44570c287cd3.jpeg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော  မြန်မာနိုင်ငံတွင်  ဖြစ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ  အနုပညာရှင်များစွာလည်း  ပြည်သူတွေနဲ့အတူပါဝင်အားဖြည့်နေကြတာကို အားလုံးလည်း  သိကြမယ်  ထင်ပါတယ်။  ဒီအနုပညာရှင်များထဲတွင်  သရုပ်ဆောင်  မင်းသမီး  သန္တာဗိုလ်လည်း  တစ်ယောက်အပါအဝင်ပါပဲနော်။ လိုချင်တဲ့  ပန်းတိုင်ကို  အလျင်မြန်ဆုံး ရရှိအောင်  ပြည်သူတွေ စည်းလုံးညီညွတ်စွာနဲ့  အတူပူးပေါင်းဆောင်ရွက်နေကြတာကို  မြင်တွေ့ရတာ အားတက်စရာကောင်းလွန်းလှပါတယ်။

Photo Crd-Thandar Bo’s Facebook Account 
Photo Crd-Thandar Bo’s Facebook Account 
Photo Crd-Thandar Bo’s Facebook Account 
Photo Crd-Thandar Bo’s Facebook Account 

သန္တာဗိုလ်ကလည်း  ကိုယ်တိုင်လှုပ်ရှားနေရုံတင်မကဘဲ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့  ပြည်သူတွေအတွက်  စားစရာ၊သောက်စရာများကို  သူငယ်ချင်းတွေနဲ့အတူ  စုပေါင်းလှူဒါန်းနေကြတာလည်း  ဖြစ်ပါတယ်။သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မနေ့ညကလည်း  သူမရဲ့Facebook Story တွင် ဗီဒီယိုဖိုင်တစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Thandar Bo’s Facebook Account 
Photo Crd-Thandar Bo’s Facebook Account 
Photo Crd-Thandar Bo’s Facebook Account 
Photo Crd-Thandar Bo’s Facebook Account 

ဒါကတော့  ညပိုင်းမှာလည်း  လမ်းမပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ရင်ထဲကဆန္ဒအမှန်တရားများအား ထုတ်ဖော်နေတဲ့ သန္တာဗိုလ်ရဲ့ဗီဒီယိုပဲ  ဖြစ်ပါတယ်။ ပြည်သူတွေဟာ  မနက်ပိုင်းတွင်သာမကဘဲ  ညပိုင်းမှာလည်း  လူထုလှုပ်ရှားမှုတွေကို  တက်တက်ကြွကြွ  လုပ်ဆောင်နေကြသည်မှာ ဂုဏ်ယူစရာပါပဲ။  မကြည့်ရှုရသေးတဲ့  ပရိသတ်တွေအတွက်  သန္တာဗိုလ်ရဲ့ ဗီဒီယိုဖိုင်ကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Thandar Bo’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T