မေတ္တာတရားနဲ့ကိုယ်ချင်းစာစိတ်မရှိရင် ဘုရားတရားလုပ်လည်း ဘဝကနတ္ထိဖြစ်ကြောင်း တန်ဖိုးရှိတဲ့စကားလေးတွေ သီကုံးရေးသားလိုက်တဲ့ပိုင်တံခွန်

//s9.kh1.co/ea/eacab03e6578273851e6134e078494b2223e2e42.jpeg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

တံခွန်ကတော့ ဖေဖော်ဝါရီလထဲကစတင်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကြမှာ စိတ်ရောကိုယ်ပါနှစ်ပြီး အဓိကပါဝင်နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပါ။မြန်မာနိုင်ငံမှာသာမက နိုင်ငံပေါင်းစုံကရရှိထားတဲ့ Follower များစွာကို အသုံးချကာ လူထုလှုပ်ရှားမှုတွေမှာ ဖြစ်ပျက်နေတဲ့အရာတွေကိုအချိန်နဲ့တစ်ပြေးညီဖော်ပြကာ ဘက်ပေါင်းစုံကနေ ကူညီအားဖြည့်နေတာကြောင့် ပရိသတ်တွေကလည်း အရင်ထက်တောင်ပိုမိုအားပေးလာကြတာတွေ့ရပါတယ်။

Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 

ဒါ့အပြင် သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ပြည်သူတွေကို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။ဒါ့ကြောင့်လည်းသူအနေနဲ့ ခြိမ်းခြောက်ခံရမှုတွေရှိနေခဲ့တာကြောင့် ခုဆိုမိသားစုနဲ့ခွဲခွာကာရှောင်နေရတာလည်းဖြစ်ပါတယ်။ပြည်သူတွေကလည်း တံခွန်ကိုချစ်လို့ မိသားစုဝင်တစ်ယောက်လို စိုးရိမ်စိတ်ပူခဲ့ကြတာအမှန်ပါပဲ။

Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 

တံခွန်က သတင်းအချက်အလက်တွေအပြင် တစ်ခါတစ်ရံ သူရဲ့ခံစားချက်အစစ်အမှန်လေးတွေကိုလည်းရေးသားကာဖော်ပြလေ့ရှိပါတယ်။ခုလည်း မေတ္တာတရားနဲ့ကိုယ်ချင်းစာစိတ်မရှိရင် ဘုရားတရားလုပ်လည်း ဘဝကနတ္ထိဖြစ်ကြောင်း တန်ဖိုးရှိလွန်းတဲ့စာလေးတစ်ပိုဒ်ကိုခုလိုရေးသားဝေမျှခဲ့ပါတယ်။" အသက်တွေကြီးလာရင် ကလေးတွေကို ဆုံးမအုန်းမယ် ပိုက်ဆံ ဘယ်လောက်ချမ်းသာချမ်းသာ ကိုယ်ချင်းစာစိတ်နဲ့ ကိုပေးနိုင်တဲ့မေတ္တာတွေ ဆင်းရဲနေရင် ဘုရားတရားဘယ်လောက်လုပ်လုပ် ဘဝက နတ္ထိဆိုတဲ့အကြောင်းတချို့လူတွေ ပိုက်ဆံသာ ချမ်းသာတယ် မေတ္တာတွေ ချို့တဲ့လိုက်တာဗျာ"ဆိုပြီးရေးသားထားရာ အဓိပ္ပါယ်များစွာနဲ့ပြည့်နှက်လွန်းနေတာကြောင့် ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Paing Takhon Facebook Page 
Photo Credit : Paing Takhon Facebook Page 
Source & Photo Credit : Paing Takhon Facebook Page 
Source & Photo Credit : Paing Takhon Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T