မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေအရ ဖြစ်ပေါ်နေတဲ့ ကိစ္စကြောင့် ပြည်သူတွေဟာ နေ့ဘက်မှာ ငြိမ်းချမ်စွာ ဆန္ဒပြသရင်း ဖြိုခွဲခြင်းခံရသလို ညဘက်တွေမှာလည်း ကားများဖျက်စီးခံရခြင်းနဲ့ လမ်းတွေထဲမှာ ပစ်ခတ်ခံရခြင်းတွေ ဖြစ်ပေါ်နေလျက်ရှိပါတယ်။ ခုဆိုရင်လည်း လှိုင်မြို့နယ်တွင် ယမန်နေ့ညက ရပ်ကွက်အတွင်းရပ်ထားသည့်ကားများ ဖျက်စီးခံရမှုများရှိခဲ့ပြီး၊ ရပ်ကွက်အချို့ကိုလည်း ဝင်ရောက်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
အဲဒီလိုဖျက်စီးပစ်ခတ်မှုတွေရှိခဲ့ပေမယ့်လည်း ယနေ့မတ်လ၊ ၁၃ ရက်နေ့မှာတော့ လှိုင်မြို့နယ်ရှိ Generation XYZ တို့စုစည်းပြီးလမ်းမပေါ်ကိုပြန်လည်ထွက်ရှိလာတာကို တွေ့ရပါတယ်။ Generation XYZ တို့ရဲ့ ယနေ့စုစည်းမှုရဲ့အစကိုတော့စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးသီချင်းနဲ့အစပြုကာ ခွန်အားဖြည့်ရင်း ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်နေကြပါတယ်။
Generation XYZ တို့ဟာ နေ့စဉ်ဆက်တိုက် ဖြိုခွဲခြင်းခံရသလို ကျဆုံးမှုတွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ သို့သော်လည်း Generation XYZ တွေဟာ အတူတကွစည်းလုံးကြကာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြကြသလို သက်ဆိုင်ရာ လမ်းတွေမှာပဲ လူစုကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသလျက်ရှိပါတယ်။ ယနေ့ မတ်လ ၁၃ရက်နေ့ လှိုင်မြို့နယ်က လူထုလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း ဖော်ပြလိုက်ပါတယ်။