မြန်မာပြည်ကို ဘယ်လောက်ချစ်ကြောင်းနဲ့ ပြည်သူတွေ အားဖြစ်စေမယ့် အကြောင်းလေးတွေကို ပြောပြလာတဲ့ အေးသီတာ

//s9.kh1.co/03/031b66b075fff1671a7a953b77d52ac4f0f59ad8.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.....ဇာတ်ပို့သရုပ်ဆောင် အေးသီတာကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်တည်းက အောင်မြင်နေတဲ့ သူဖြစ်ပြီး အခုနောက်ပိုင်းတွင်လည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လျက်ရှိနေတာ ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ သူမက ပြည်သူထဲကပြည်သူတစ်ယောက်ပဲမို့ တိုင်းပြည်နဲ့ လူမျိုးရဲ့ အနာဂတ်အတွက် တစ်ထောင့်တစ်နေရာကနေ ကြိုးစားကာ လူထုလှုပ်ရှားမှုတွေမှာ အားတတ်သရော ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account

လူထုလှုပ်ရှားမှုတွေ အားကောင်းလာတာနဲ့ အမျှ ဖြိုခွင်းမှုတွေကလည်း ရှိလာတာကြောင့် အသက်ပေးသွားရတဲ့ ပြည်သူတွေကလည်း အခုဆိုရင် အများအပြားရှိလာတာ ပဲဖြစ်ပါတယ်။ဒါပေမယ့်လည်း အားလုံးလိုချင်တဲ့ ပန်းတိုင်ရရှိရေးအတွက် ကြိုးစားနေကြတုန်း ဖြစ်ပါတယ်။အေးသီတာကလည်း မြန်မာပြည်သူတွေကို အားဖြစ်စေမယ့်စကားတွေကို သူမရဲ့Facebook စာမျက်နှာထက်တွင်"ချစ်စရာ့မြန်မာပြည် သဘာဝရူခင်းအလှတွေများစွာရှိတဲ့မြန်မာပြည် ချစ်စရာတိုင်းရင်းသားပေါင်းစုံရှိတဲ့မြန်မာပြည် မြန်မာပြည်ကိုချစ်လွန်းလို့နိုင်ငံရပ်ခြားမှာအလုပ်လုပ်ဖို့ စိတ်မကူးဘဲနဲ့မြန်မာပြည်မှာ အလုပ်လုပ်နေခဲ့တဲ့ကျွန်မဘယ် လောက်ချမ်းသာမယ်ဆိုပါစေဘယ်နိုင်ငံကိုမှမသွားခဲ့တဲ့ကျွန်မ ကျွန်မချစ်တဲ့ရန်ကုန် ကျွန်မချစ်တဲ့မြန်မာပြည်....

Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account

ကျွန်မချစ်တဲ့မြန်မာပြည်သူ ပြည်သားတွေ အားလုံးအေးချမ်းသွားရင် ကျွန်မတို့အရင်ထက်ပိုချစ်ကြမယ်ပိုစည်းလုံးကြမယ်သွေး ကွဲစေမယ့်စကားတွေ ဆိုက်ဝါးတွေဆိုလည်းချင့်ချိန် ယုံညှိနူိင်းဖြေရှင်းကြမယ် ကိုဗစ်ကြီးကိုတို့တွေဘယ်လိုကျော်ဖြတ်ခဲ့လည်း ခုအခြေအနေကိုရောဘယ်လိုကျော်ဖြတ်နေကြလည်း အားတင်းထားကြပါ ကျွန်မတို့လည်းအားတင်းထားပါတယ် ညီညီညွတ်ညွတ်နဲ့အောင်ပန်းဆင်နိုင်ကြမယ်နော်??????"ဆိုပြီး ရေးသားကာ နွေဦးတော် လှန်ရေးကို အကောင်းဆုံး ဖြတ်သန်းနိုင်ကြဖို့ကို ခွန်အားပေးထားတာကြောင့် ပရိသတ်တွေကို ပြန်လည်ကူးယူ ဖော်ပြပေးလိုက်ပါတယ်။မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းသာယာပါစေ???

Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account
Photo Credit -Aye Thida FB account

သတင်း အရင်းအမြစ်Aye Thida FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T