ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ သားသမီးတွေပညာရေးကိုပံ့ပိုးပြီး အလှူငွေတွေလှူဒါန်းသွားမယ့် ကျော်ထက်အောင်

//s9.kh1.co/69/691cdd1155cffff10c1c031f574f5f51914efad1.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အစီအစဉ်တင်ဆက်သူအဖြစ် Myanmar Idol ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ ဝန်းရံမှုတွေကို အခိုင်အမာရရှိခဲ့ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေသူကတော့ ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်..။

အသံသြဇာအပြည့်နဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ ကျော်ထက်အောင်ကတော့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ကာ လှုပ်ရှားမှုတွေမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography
Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - Kyaw Htet Aung's Fb Acc

တော်လှန်ရေးတိုက်ပွဲကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ အများပြည်သူတွေနဲ့အတူ အပင်ပန်းခံပါဝင်အားဖြည့်နေသလို တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေပြုလုပ်နေပြီး အခုတစ်ခါမှာလည်း ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက် ဖေးမကူညီမှုတွေကို ပြုလုပ်သွားဦးမှာပါ..။

လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း ဖြိုခွင်းမှုတွေကြောင့် အသက်ပေးကျဆုံးသွားတဲ့ ပြည်သူ့သူရဲကောင်းတွေရဲ့ သားသမီးတွေပညာရေးအတွက်လည်း ငွေကြေးလှူဒါန်းပြီး ပံ့ပိုးကူညီသွားမှာဖြစ်တဲ့အကြောင်းလေးကို ကျော်ထက်အောင်က ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - Kyaw Htet Aung's Fb Acc

"မပျက်မကွက်...နောက်ဆုံးထွက်သက်ထိ...ပါဝင်ပါမည်

နာကြင်သွေးပျက်ရတဲ့နေ့တွေ...အမြန်ကုန်လွန်ပါစေ ???

ကတိပေးပါတယ်

ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ သားသမီးတွေ ပညာရေးကို

lifelong support လုပ်ပေးဖို့လိုတယ် မြင်မိပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်တော်တို့မိသားစု ဝင်ငွေထဲကနေ လစဉ်လှူဒါန်းဖို့ ကတိပြုပါတယ်။

????

သဘောတူရင် ကူးတင်လို့ရပါတယ်

သူတို့အနာဂတ်တွေ မပျက်စေဖို့ ဝိုင်းဝန်းကြမယ်နော် ???.." ဆိုပြီး ကျော်ထက်အောင်က ရေးသားပြောပြထားဖြစ်ပြီး ပရိသတ်တွေကလည်း လေးစားစွာချီးကျူးစကားလေးတွေလည်း ပြောထားကြပါတယ်..။

Photo Credit - Kyaw Htet Aung's Fb Acc
Photo Credit - Kyaw Htet Aung's Fb Acc

သတင်း အရင်းအမြစ်Kyaw Htet Aung's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T