လှိုင်လူငယ်များနဲ့အတူ အင်ဂျင်နီယာများ၊ဆရာဝန်များနှင့် ကျောင်းသားအဖွဲ့များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြတဲ့ မြင်ကွင်း

//s9.kh1.co/5a/5a6bd57f08af2cb1d4489a902df2bcee8d69f11b.jpeg
နေ့စဉ်သတင်းများ

 ၁၃-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် လက်တလောအခြေအနေအရ ပြည်သူတွေဟာ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသလျက်ရှိပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြပေမယ့်လည်း ပြည်သူတွေ ကာထားတဲ့ အတားအစီးများ ဖျက်စီးခံရခြင်းနှင့် ညဘက်တွေမှာ ရပ်ကွက်အတွင်းရှိ ကားမှန်များဖျက်စီခြင်းနဲ့ ပစ်ခတ်မှုများ ရှိနေခဲ့ပါတယ်။ သို့သော်လည်း ယမန်နေ့ညက ထို့သိုဖြစ်ရပ်များကို ကြုံတွေခဲ့ရသော လှိုင်မြို့နယ် ပြည်သူများသည် ယနေ့မတ်လ ၁၃ရက်နေ့မှာ လမ်းမပေါ်ထွက်ကာ လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/4d/4d07f19eba0178845bde940d5884971c86628e8b.jpeg
https://s9.kh1.co/__image/w=650,h=294,q=100/84/84f087674b084b3075d0270444e5c75845bc8003.jpeg
https://s9.kh1.co/__image/w=650,h=294,q=100/2b/2ba913daf285cd5f4367fc07cf4ca2e4f8d49963.jpeg

ထိုလူထုလှုပ်ရှားမှုကို လှိုင်ရပ်ကွက်နေပြည်သူများအပြင် အင်ဂျင်နီယာများအဖွဲ့၊ ဆရာဝန်လူငယ်များအဖွဲ့နှင့် ကျောင်းသားသမဂ္ဂလူငယ်များအဖွဲ့ တို့ဟာ အတူပူးပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။ Generation XYZ တို့ရဲ့ စည်းလုံးညီညွတ်မှုကိုလည်း တွေ့ရှိကြရမှာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/05/0597890ac134ad2815a3df8423031669eda3b103.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/a0/a057bafd43570544921a8a6d603a502389e4b445.jpeg
https://s9.kh1.co/__image/w=650,h=294,q=100/77/77ebfd247a7ce4e45805c4a6b329a58844d9621d.jpeg

" ဒီနေ့မှာ ဆရာဝန်တွေအင်ဂျင်နီယာတွေ ကျောင်းသားအဖွဲ့တွေနဲ့ လှိုင်မြို့နယ် လူငယ်လူကြီး အကုန်စုပြီးငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတယ်၊ ခုထိကတော့ အေးဆေးဘဲ မနေ့ကတော့ရပ်ကွက်ထဲမှာ ကာထားတာတွေ အတားအဆီးတွေဖြိုဖျက်တာမျိုးတွေကတော့ ရှိနေသေးတယ် " လို့ လှိုင်မြိုနယ်ပြည်သူတစ်ဦးကပြောပါတယ်။ အင်ဂျင်နီယာများအဖွဲ့၊ ဆရာဝန်လူငယ်များအဖွဲ့၊ ကျောင်းသားသမဂ္ဂလူငယ်များအဖွဲ့ နှင့် လှိုင်မြို့နယ်နေ ပြည်သူများ အတူပူးပေါင်းကာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြတဲ့ မြင်ကွင်းဓာတ်ပုံတွေကိုလဲ ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/29/29b61b14e8e0db2fe1bb9e9a9c2ca6c6d82720ac.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/20/2068abc9753ced2c9a9884f1c33427cad5de41b0.jpeg
https://s9.kh1.co/__image/w=650,h=294,q=100/da/da422ca16d84a291ac470c02fb9ef0d214f1bde2.jpeg
https://s9.kh1.co/__image/w=650,h=294,q=100/30/30f44b4bb697356a3918feed310147538c09ceb5.jpeg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T