ကျဆုံးသွားတဲ့ သူရဲကောင်း ချစ်မင်းသူရဲ့ ဇနီးဖြစ်သူအား သွားရောက်တွေ့ဆုံ နှစ်သိမ့်ပေးရင်းနဲ့ အလှူငွေ လှူဒါန်းခဲ့တဲ့ ထူးခန့်ကျော်

//s9.kh1.co/b8/b80304d64a71e84742f832b372bc8a00e5a241ff.jpeg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ထူးခန့်ကျော်ကတော့  အနုပညာအလုပ်တွေ  လုပ်ကိုင်ရင်းနဲ့  တစ်ဖက်တစ်လမ်းကနေ  သူတတ်တဲ့ပညာရပ်လေးနဲ့ လေဖြတ်လူနာတွေအား  တိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာ   ကုသပေးနေသူ  ဖြစ်ပါတယ်။  အရေးကြုံလာတိုင်းလည်း  ပြည်သူတွေနဲ့အတူ  တစ်သွေးတည်း  တစ်သားတည်း ရပ်တည်ကာ  လူထုလှုပ်ရှားမှုများတွင်  ပါဝင်ဆောင်ရွက်နေသူတစ်ဦး  ဖြစ်ပါတယ်။ ပြည်သူတွေချစ်တဲ့  အနုပညာရှင်များကပါ  ဒီလှုပ်ရှားမှုမှာ  တက်ကြွစွာ ပါဝင်နေတာမြင်ရသည်မှာ  အလွန်အားတက်စရာကောင်းလွန်းလှပါတယ်နော်။

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

မြောက်ဒဂုံမြို့နယ် လူထုလှုပ်ရှားမှုတွင်  ပူးပေါင်းပါဝင်ရင်း  မမျှော်လင့်ပဲ  ကြွေလွင့်ခဲ့ရတဲ့  သူရဲကောင်း  ချစ်မင်းသူရဲ့ ဇနီးထံသို့  မနေ့က သွားရောက်ကာ  တွေ့ဆုံအားပေးရင်းနဲ့  အလှူငွေများလည်း  ပေးအပ်လှူဒါန်းခဲ့တာလည်း  ဖြစ်ပါတယ်။   ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့လည်း ထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  အခုလိုပဲ  ရေးသားဝေမျှထားတာပဲ  ဖြစ်ပါတယ်။ "  မကွယ်လွန်မီ မမှီဝဲနဲ့ကင်းအောင်နေ ဇာတ်လမ်းတွဲထဲမှ သူ့ရဲ့ဗေဒါကြီးဇာတ်ကောင်အား အလွန်အားပေးခဲ့တာကို  ညီလေး ချစ်မင်းသူရဲ့ဇနီးပြောပြချက်အရ  ကြားသိခဲ့ရတဲ့အတွက်  အလွန်ကို  စိတ်မကောင်း ဖြစ်နေတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 

သူပြုလုပ်ခဲ့သော  ဒါနကောင်းမှု ၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတို့ကြောင့်  မောင်ချစ်မင်းသူနှင့်တကွ  လူထုလှုပ်ရှားမှုတွင်  ကွယ်လွန်ခဲ့ပြီးသော  သူရဲကောင်းများအားလုံး  မြင့်မြတ်သော ဘုံဌာနသို့ ရရှိရောက်ရှိကြပါစေ၊ ဒီလိုဘေးဆိုး ၊ ရန်ဆိုး ၊ အန္တရာယ်ဆိုးမှလည်း  သံသရာအဆက်ဆက် ကင်းဝေးပါစေလို့လည်း  ဆုတောင်းပေးနေတာပဲ  ဖြစ်ပါတယ်။ သူ့အနေနဲ့လည်း  အရေးတော်ပုံအောင်ရမည်လို့  ဟစ်ကြွေးနေကြတဲ့  ပြည်သူတွေရဲ့ ကိုယ်လက်နာကျင်မှုတွေကို ကုသပေးလျက်ရှိနေတာလည်း  ဖြစ်ပါတယ်။ လက်ရှိမှာတော့  ကိုယ်တိုင်ကျန်းမာရေးမကောင်းဖြစ်နေပြီး  ရက်ပိုင်းလောက်ကုသမှုတွေ  ရပ်နားထားရတာကြောင့် စိတ်မကောင်းဖြစ်နေရကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။  အားလုံးကျန်းမာပါစေလို့ ရေးသားထားတဲ့  ထူးခန့်ကျော်ရဲ့ သတင်းလေးကို  ပရိသတ်တွေအတွက်  တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Htoo Khant Kyaw’s Facebook Account 

Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Photo Crd-Htoo Khant Kyaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T