အခုလိုအချိန်မျိုးမှာ သတင်းမှားတွေထွက်ပေါ်နေတာကြောင့် ပြည်သူတွေအထင်မလွဲဖို့အတွက် ပြတ်ပြတ်သားသား ဖြေရှင်းလိုက်တဲ့ စမိုင်းလ်

//s9.kh1.co/ca/ca9969a4dbcd8ea2c5abdad9bea8310b493f212f.jpeg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အခုလိုအချိန်မျိုးမှာ သတင်းမှားတွေထွက်ပေါ်နေတာကြောင့် ပြည်သူတွေအထင်မလွဲဖို့အတွက် ပြတ်ပြတ်သားသား ဖြေရှင်းလိုက်တဲ့ စမိုင်းလ်

ပရိသတ်တွေချစ်ရတဲ့ သရုပ်ဆောင်စမိုင်းလ်တို့မိသားစုလေးကတော့ အလှူအတန်းဆို အရမ်းရက်ရောပြီးအကူအညီလိုအပ်နေသူတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးနေတာဖြစ်ပါတယ်။စမိုင်းလ်တို့ ဇနီးမောင်နှံကရှေ့သွားနောက်လိုက် အရမ်းညီတာကြောင့် ဘယ်အရာမဆို စိတ်တူကိုယ်တူရှိကြပါတယ်။ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာဆိုရင်လည်း သူမတို့မိသားစုက ပြည်သူတွေနဲ့အတူ ဝန်းရံပေးပြီး လမ်းပေါ်ထွက်ကာအလှူအတန်းတွေလည်း ပြုလုပ်နေတာဖြစ်ပါတယ်။

Photo Credit:Smile စမိုင်းလ် Facebook page 

စမိုင်းလ်တို့ဇနီးမောင်နှံက ပြည်သူတွေအဟာရပြည့်ဖို့အတွက် အစားအသောက်တွေကို လှူဒါန်းသလို Helmetတွေကိုလည်း အကာအကွယ်အတွက် လိုက်ဝေပေးတာဖြစ်ပါတယ်။သူမတို့ကလည်း ပြည်သူတွေနဲ့ တစ်စိတ်တည်း၊တစ်ဝမ်းတည်းရှိလို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။သူမတို့ဇနီးမောင်နှံကတော့နဂိုကတည်းက စိတ်ရင်းစေတနာပြည့်ဝတာကြောင့် အခုလိုအချိန်မျိုးမှာဆို ပိုပြီးလှူဒါန်းနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ စမိုင်းလ်က သူမတို့မိသားစုကို ပြည်သူတွေအထင်လွဲနေကြတာကြောင့် တိကျတဲ့အဖြေတွေနဲ့ ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်။

Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 

စမိုင်းလ်တို့ဇနီးမောင်နှံက လက်နက်သွင်းတယ်၊ဆေးရောင်းတယ် ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြည်သူတွေကြား ပျံ့နှံ့နေတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ စမိုင်းလ်က “သေနတ်ဆိုလို့ သရက်သီးသနပ်ပဲ ရှိတယ်နော်။သူတစ်ပါးကို သေစေနိုင်တဲ့ လက်နက်နဲ့ဆေးရောင်းပြီး ချမ်းသာလာတဲ့ အပူစာတွေစားမိရင် စားသမျှအဆိပ်သင့်ပြီး သေပါစေ ကျိန်ရဲပါတယ်”ဆိုပြီး ပြတ်ပြတ်သားသား ပြောလာတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ အခုလိုအချိန်မျိုးမှာ သတင်းမှားတွေထွက်နေတာကို ပြည်သူတွေအထင်မမှားဖို့အတွက် ရေးသားပြောပြလာတာဖြစ်ပါတယ်။

Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 
Photo Credit:Smile စမိုင်းလ် Facebook page 

Source&Photo Credit:Smile စမိုင်းလ် Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T