နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ နိုင်ငံ့သူရဲကောင်းများအတွက် ဆီမီးထွန်းကာ ဆု တောင်းမှု ပြုနေတဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယို

//s9.kh1.co/9c/9c219317cfa10d5f4c3f1854d434e8609e1658f6.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ (၁)ရက်နေ့ကစတင်ပြီး ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်သူ လူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံး ကြိုးစားကာ လူထုလှုပ်ရှားမှုတွေကို ဆက် တိုက်ဆိုသလို လုပ်ဆောင်လာကြတာဖြစ်ပြီး ဒီနေ့နဲ့ဆိုရင် (၄၄)ရက်​နေ့ ရှိနေ ပြီပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုကြီးဟာ အချိန်ကြာမြင့်လာသလို ဖြိုခွင်းမှုများကလည်း ရှိလာတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကြတဲ့အပြင် မမျှော်လင့်ပဲ ကျဆုံးသွားရတဲ့ အာဇာနည်သူရဲကောင်းများကလည်း တဖြည်းဖြည်း များပြားလာကာ ပြည်သူ လူထုကြီးကတော့ ရဲဝင့်စွာ ဆက်လက်ကြိုးစား ချီတတ်နေကြတုန်း ပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=449,q=100/e0/e051e5e20270e29f63297ce8816f82e9307eba23.jpg
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page

ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ အနုပညာရှင်တွေ များစွာရှိတဲ့အထဲမှာဆိုရင် သရုပ်ဆောင် မင်းသမီး ပိုးကြာဖြူခင်ကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ပိုးကြာဖြူခင်က ဆန္ဒထုတ်ဖော်ပွဲတွေ စတင်ကတည်းက ပြည်သူတွေနဲ့အတူ အားကြိုးမာန်တတ် ပါဝင်လှုပ်ရှားခဲ့ကာ နေ့တိုင်းနီးပါး လမ်းမပေါ်ထွက်ပြီး အပင်ပန်းခံကာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။သူမ ရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့လည်း လူထုလှုပ်ရှားမှု ပြု လုပ်နေတဲ့ ပြည်သူတွေကို စားစရာသောက်စရာများကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် လှူဒါန်းနေတာလည်း တွေ့ရပါတယ်။

Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page

မနေ့ညကဆိုရင်လည်း ပိုးကြာဖြူခင်က နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ နိုင်ငံ့သူရဲကောင်းများအတွက် ဆီမီးထွန်းကာ ဆု တောင်းမှု ပြုနေတာပဲဖြစ်ပါတယ်။သူမရဲ့လူမူကွန်ယက် စာမျက်နှာထက်တွင် "ကျဆုံးသွားတဲ့ ကျမတို့ရဲ့ သူရဲကောင်းများအားလုံး မြင့်မြတ်တဲ့ဘုံဘဝရောက်ပါစေ ??????"ဆိုတဲ့ စာသားနဲ့အတူ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာ ဖြစ်ပါတယ်။အာဇာနည် သူရဲကောင်းတွေ အတွက် ပြည်သူတွေ အားလုံးကလည်း ဝမ်း နည်းယူကြုံးမရဖြစ်ရတာကြောင့် သူရဲကောင်းတွေ ကောင်းရာသုဂတိလားပြီး အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။????

Photo Credit -Poe Kyar Phyu Khin FB Page
Photo Credit -Poe Kyar Phyu Khin FB Page

သတင်း အရင်းအမြစ်Poe Kyar Phyu Khin FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T