ဘယ်လိုအခြေအနေပဲရောက်ရောက် လှူဖို့ကို စိတ်အားထက်သန်နေတဲ့ အချဥ်ပေါင်းသည် အန်တီကြီးကြောင့် အတွေးတစ်ခုရခဲ့တဲ့ ယွန်းယွန်း

//s9.kh1.co/c0/c08a278578573da12c71397e46552c6698df5570.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ယွန်းယွန်းကလည်း ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ ယွန်းယွန်းက လူထုလှုပ်ရှားမှုကြီးမှာလည်း ပြည်သူတွေနဲ့အတူ သွားရောက်ဝန်းရံခဲ့သလို လိုအပ်နေတဲ့ နေရာတွေမှာလည်း ကူညီထောက်ပံ့ပေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကိုလည်း အများသိအောင် လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတာဖြစ်ပါတယ်။ 

Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account

ခွန်အားဖြစ်စေမယ့် စာသားတွေနဲ့ သူမရဲ့ အမြင်ကိုလည်း Facebook Account ထက်မှာ တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်း အချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ မုံရွာမြို့က အေးချမ်းတဲ့အပြုံးတွေကို ပိုင်ဆိုင်ထားပြီး ရိုးသားတဲ့ အချဥ်ပေါင်းသည်အန်တီကြီးကြောင့် အတွေးတစ်ခုရခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အန်တီကြီးက သူရောင်းချတဲ့ အချဥ်ပေါင်းတွေကို လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် နေ့တိုင်းဆိုသလို အလှူပြုတာကြောင့် မြင်တွေ့သူတိုင်းက ချစ်ကြပါတယ်နော်။ 

Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account

ဘယ်လိုအ​ခြေအနေတွေပဲ ရောက်ရောက် အလှူပြုဖို့ကို စိတ်အားထက်သန်နေတဲ့ အန်တီကြီးကြောင့် ယွန်းယွန်းက " ဒီအန်တီကိုမြင်တိုင်း အတွေးတစ်ခုရတယ် သူလုပ်နိုင်တဲ့အရာကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် စွဲစွဲမြဲမြဲလုပ်တယ် ကိုယ်တွေလဲ သူ့လိုပဲ ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် လှူတဲ့သူတွေကဆက်လှူ၊ ကူတဲ့သူတွေကဆက်ကူ၊ တိုက်တဲ့သူတွေဆက်တိုက်၊ ၁၁ရက်ကျော်ပြီဖြစ်တဲ့ ဖမ်းစီးခံကျောင်းသားတွေအတွက် speak out လုပ်ပေးတဲ့သူတွေကဆက်လုပ်၊ Motivational speaker တွေက လူတွေစိတ်ဓာတ်မကျစေဖို့ ဆက်အားပေး၊ အချင်းချင်းဖေးမကူညီရင်း ကိုယ်ယူနိုင်တဲ့တာဝန်ကိုဆက်ယူပေးပြီး စွဲစွဲမြဲမြဲလုပ်နေဖို့ပါပဲ သွေးမအေးကြေးနော် " ဆိုပြီး တင်ပေးလာခဲ့တာပါ။ အခုလိုအခြေအနေမျိုးမှာ ကိုယ်ယူနိုင်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရင်း နိုင်ငံအတွက် ကူညီပေးဖို့ ပြောလာတဲ့ ယွန်းယွန်းရဲ့ စာသားတွေကို ကူးယူပြီး ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit - Monywa Traffic News
Photo credit - Monywa Traffic News
Photo credit - Yoon Yoon's FB account
Photo credit - Yoon Yoon's FB account

သတင်း အရင်းအမြစ်Source - Yoon Yoon's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T