နည်းလမ်းမျိုးစုံနဲ့ ဂရုစိုက်ကူညီပြီး မြန်မာပြည်သူပြည်သားတွေနဲ့အတူ တစ်သားတည်းရပ်တည်ကြောင်းပြသခဲ့ကြတဲ့ တောင်ကိုရီးယားလူမျိုးများ

//s9.kh1.co/a4/a45aca015fd9ba65bc4eedb1707a92fbed265f70.jpg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နည်းလမ်းမျိုးစုံနဲ့ ဂရုစိုက်ကူညီပြီး မြန်မာပြည်သူပြည်သားတွေနဲ့အတူ တစ်သားတည်းရပ်တည်ကြောင်းပြသခဲ့ကြတဲ့ တောင်ကိုရီးယားလူမျိုးများ

လက်ရှိမှာဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ် ။ အထူးသဖြင့် တောင်ကိုရီးယားလူမျိုးတွေက မြန်မာပြည်သူတွေရဲ့အခြေအနေကို စာနာနားလည်ပြီး ဖေးမကူညီပေးနေတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားလူမျိုးတွေက လက်ရှိမြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ လူထုလှုပ်ရှားမှုတွေကို သူတို့နိုင်ငံမှာပါ ပြုလုပ်ပြီး တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပထမဆုံးအနေနဲ့ တောင်ကိုရီးယားရောက်မြန်မာတွေကို အင်တာဗျူးလုပ်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကို သူတို့ရဲ့ရုပ်သံအစီအစဉ်တွေမှာ ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ တောင်ကိုရီးယားလွှတ်တော်အမတ်တွေက မြန်မာသံရုံးအရှေ့မှာ မြန်မာတွေအတွက် ဆန္ဒထုတ်ဖော်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့က ကျဆုံးသွားတဲ့မြန်မာပြည်က သူရဲကောင်းတွေအတွက်ပါ ဆုတောင်းပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ပြီးခဲ့ရက်ကဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ မဟာယာနဘုန်းတော်ကြီးတွေက မြန်မာသံရုံးကနေ UN ရုံးရှေ့အထိကို ထိခြင်းငါးပါးနဲ့ ရှိခိုးကန်တော့ပြီး ဆုတောင်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader (NewSPIM)
Photo Credit-Original Uploader (NewSPIM)
Photo Credit-Original Uploader @JiHyo
Photo Credit-Original Uploader @JiHyo
Photo Credit-Original Uploader @JiHyo
Photo Credit-Original Uploader @JiHyo
Photo Credit-Original Uploader
Photo Credit-Original Uploader

မြန်မာပြည်သူပြည်သားတွေကို အရမ်းဂရုစိုက်ပေးတဲ့ တောင်ကိုရီးယားလူမျိုးတွေကတော့ ဓာတ်ပုံပြပွဲတွေလုပ်ပေးသလို သံပုံးတီးလှုပ်ရှားမှု၊ ထဘီအလံလွှင့်လှုပ်ရှားမှုတွေမှာပါ တက်တက်ကြွကြွပါဝင်ပေးကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် "ကမ္ဘာမကြေဘူး" ဆိုတဲ့သီချင်းကိုလည်း သူတို့ဘာသာစကားနဲ့ပါ Cover ဆိုပေးခဲ့ကြတာ ဖြစ်ပါတယ် ။ နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ပေးနေတဲ့ သူတို့ကတော့ တကယ့်ကို လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ပြုလုပ်ခဲ့ကြတဲ့ တောင်ကိုရီးယားလူမျိုးတွေရဲ့လှုပ်ရှားမှုတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T