လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေ အပါအဝင် ဒဏ်ရာ ရရှိသူတွေကိုပါ လှူဒါန်း မှုပြုလုပ် ခဲ့တဲ့ မေ

//s9.kh1.co/ca/ca327abd7bad55199763679158f1dd4c1edcca8a.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆွေးသီချင်းတွေကို အလွမ်းဓာတ်ခံ ပါပါ သီဆိုပြီး ပရိသတ်တွေအားပေး ထောက်ခံမှုကို အခိုင်အမာ ရရှိလာခဲ့တဲ့ မေကို တော့ အား လုံး သိကြမယ် ထင်ပါတယ်။ သူမရဲ့ သီချင်းတွေကတော့ လူငယ် ပရိသတ်တွေ အကြား ရေပန်းစားနေပြီး ယခုအချိန်မှာ နေရာ တစ်ခု ထိ ရောက်ရှိအောင် မြင်နေပြီ ဖြစ်တဲ့ တေးသံရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ယခုလက်ရှိ အချိန်မှာတော့ သူမဟာ ပြည်သူတွေ ၊ ပရိသတ်တွေ နဲ့ အတူ အမှန်တရား ဘက်ကနေ ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။ အခုအခါမှာလည်း လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ ကျန်ရစ်သူမိသားစုတွေ အပါအဝင် ဒဏ်ရာ ရရှိသူတွေကိုပါ ကိုယ်တိုင်သွားရောက် လှူတမ်းခဲ့တာ နဲ့ ပတ်သတ်ပြီး ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account

မေရဲ လူမှုကွန်ယက် စာမျက်နှာ ထက်မှာ

"မြောက်ဥက္ကလာအတွက် အလှူငွေကောက်ခံခဲ့တာ

စုစုပေါင်း တစ်ရာ့တစ်သိန်းခွဲတိတိ (10150000) ရရှိခဲ့ပါတယ် ။

လှူဒါန်းသင့်တာလေးတွေ သေသေချာချာစုံစမ်းပြီး မြောက်ဥက္ကလာမှ ကျဆုံးသွားတဲ့ ကိုစည်သူရှိန် ၊ ကိုအာကာမိုး ၊ ကိုဇော်ဇော်မိုး ၊ အရှေ့ဒဂုံမှ မြောက်ဥက္ကလာတွင် ကျဆုံးခဲ့တဲ့ ကိုဝေယံမောင်မောင် ၊ မြောက်ဒဂုံမှ ကျဆုံးခဲ့တဲ့ ကိုချစ်မင်းသူ နဲ့ မြောက်ဥက္ကလာမှ သရက်ရွက်ထိ ဒဏ်ရာရရှိသူ ကိုဇွဲပြည့်စုံ တို့ကို အရင်ဆုံး တစ်ဦးလျှင် ဆယ်သိန်းကျပ်စီ သွားရောက်လှူဒါန်းခဲ့ပါတယ် "

Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account

"ကျန်တဲ့အလှူငွေ လေးဆယ့်တစ်သိန်းခွဲ ကိုလည်း တကယ်လိုအပ်တဲ့နေရာတွေထပ်စုံစမ်းပြီး လှူဒါန်းသွားမှာဖြစ်ပါတယ်

ဒီကာလမှာ သွားရေးလာရေးအခက်အခဲကြောင့်ရယ် တကယ်လိုအပ်တဲ့နေရာတွေကို စုံစမ်းနေတာရယ်ကြောင့် ကြန့်ကြာနေခဲ့တာပါ။

မေနဲ့အတူပါဝင်လှူဒါန်းပေးကြတဲ့ သူငယ်ချင်းတွေရော ချစ်ပရိသတ်တွေရောကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ဒီ့ထက်မကလည်းအများကြီးလှူဒါန်းနိုင်ကြပါစေရှင်

ကျန်တဲ့အလှူငွေများကိုလည်း လှူဒါန်းပြီးရင်ထပ်တင်ပေးပါမယ်ရှင် ။ ကာယကံရှင်တွေရဲ့ ခွင့်ပြုချက်ဖြင့် အားလုံးသာဓုခေါ်နိုင်ဖို့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်....... " ဆိုပြီး အလှူရှင် စာရင်းတွေနဲ့ အတူ သွားလှူဖြစ်ခဲ့တဲ့ အမှတ်တရ ပုံလေးတွေ ဖော်ပြပေးလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်......။

Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account
Photo Crd- May's FB account

သတင်း အရင်းအမြစ်May's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T