လမ်းပေါ်မှာဆန္ဒထုတ်ဖော်နေတဲ့ ကိုကို၊မမတွေစားဖို့အတွက် မုန့်ဖတ်ထုပ်တွေ အလကားလိုက်ဝေပေးတဲ့ ကလေးတွေကြောင့် ပီတိဖြစ်ခဲ့ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/fe/fe04474c82bf49125c2049fea69bab9e88066688.jpg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လမ်းပေါ်မှာဆန္ဒထုတ်ဖော်နေတဲ့ ကိုကို၊မမတွေစားဖို့အတွက် မုန့်ဖတ်ထုပ်တွေ အလကားလိုက်ဝေပေးတဲ့ ကလေးတွေကြောင့် ပီတိဖြစ်ခဲ့ရတဲ့ ပြည်သူတစ်ဦး

ယခုလက်ရှိအချိန်မှာတော့ ပြည်သူတွေက သူတို့တတ်နိုင်တဲ့ဘက်ကနေ တာဝန်ကိုယ်စီယူပြီး ကိုယ့်နိုင်ငံအကျိုးအတွက် စွမ်းဆောင်နေကြတာ ဖြစ်ပါတယ် ။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေရှိသလို ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး အန္တရာယ်တွေကို ကာကွယ်ပေးနေတဲ့ ပြည်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စေတနာထက်သန်တဲ့သူတစ်ချို့ကလည်း ပြည်သူတွေအတွက် လိုအပ်တာတွေကို ဖြည့်ဆည်းလှူဒါန်းပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က မုန့်ဖတ်ထုပ်တွေ လိုက်ဝေပေးတဲ့ ကလေးတွေအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ် ။

Photo by Myanmarload TV
Photo by Myanmarload TV
Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc

ရန်ကုန်မြို့က မြို့နယ်တစ်ခုမှာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတစ်ဦးက သူတို့ကိုမုန့်ဖတ်ထုပ်လာကျွေးတဲ့ ကလေးတွေအကြောင်းကို ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ် ။ ”မုန့်ဖတ်ထုပ် ယူဦးမလား” ဆိုပြီး လာမေးတဲ့ကလေးတစ်ယောက်ကို သူက စျေးလာရောင်းတယ်လို့ အစကထင်ခဲ့မိတာ ဖြစ်ပါတယ် ။ ပြီးတော့မှ ကလေးက မုန့်ဖတ်ထုပ်လာရောင်းတာမဟုတ်ဘဲ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေစားဖို့အတွက် အလကားဝေပေးနေတာဖြစ်ကြောင်း သိခဲ့ရတယ်လို့ ရေးသားထားတာ ဖြစ်ပါတယ် ။ 

Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc

ဒါ့အပြင် ဒီကလေးတစ်ယောက်တည်းမဟုတ်ဘဲ ကလေးတွေအများကြီး မိသားစုလိုက် မုန့်ဖတ်ထုပ် တွေလိုက်ဝေနေတာကို မြင်တွေ့ခဲ့ရတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ ကိုယ့်နိုင်ငံအကျိုးအတွက် ကြိုးစားပေးနေတဲ့ ကိုကို၊မမတွေကို မုန့်ဖတ်ထုပ်တွေ အလကားလိုက်ကျွေးနေတဲ့ ကလေးတွေရဲ့အပြုအမူတွေကတော့ ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေအကြောင်းကို ပြောပြထားတဲ့ အဲ့ဒီပြည်သူက " တကယ် နှလုံးလှတဲ့ ကလေးတွေ...ချစ်စရာကောင်းချက်၊ ဟက်ထိသွားတယ် ??✊" ဆိုပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ် ။ ကဲ ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit -Eant Phone's FB Acc

Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc
Photo Credit -Eant Phone's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T