မီးဖိုချောင်သုံးပစ္စည်းလေးကိုသာကျည်ကာအဖြစ်အသုံးပြုပြီး မိမိရဲ့အသက်အန္တရာယ်လုံခြုံဖို့အတွက် တတ်နိုင်သလောက် ကာကွယ်နေရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/8e/8efe41965fc661a73436c2e5852c217c17297ddf.jpeg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မီးဖိုချောင်သုံးပစ္စည်းလေးကိုသာကျည်ကာအဖြစ်အသုံးပြုပြီး မိမိရဲ့အသက်အန္တရာယ်လုံခြုံဖို့အတွက် တတ်နိုင်သလောက် ကာကွယ်နေရတဲ့ ပြည်သူတစ်ဦး

အခုချိန်မှာဆိုရင် ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်ပြီး ညပိုင်းတွေမှာလည်းဖယောင်းတိုင်မီးတွေထွန်းကာ အမှန်တရားအတွက် ရင်ဆိုင်နေဆဲဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေက မလျော့သော ဇွဲ၊လုံ့လ၊ဝိရီယတို့နဲ့ ရှေ့သို့ဆက်လက်ချီတက်နေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ပြည်သူလူထုက မိမိတို့ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပစ္စည်းတွေကို တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ထားကြတာဖြစ်ပါတယ်။ငွေအားတတ်နိုင်တဲ့သူကလည်း ငွေအားနဲ့ထောက်ပံ့ပေးသလို တချို့တွေကလည်း လုပ်အားဒါနပြုကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

ဒါ့ကြောင့်မှလို့ ပြည်သူတွေက ဒိုင်းတွေ၊ကျည်ကာတွေ စတဲ့ ပစ္စည်းလေးတွေကို ကိုယ်တိုင်တီထွင်ကြပြီး ရှေ့တန်းမှာ ရဲရဲရင့်ရင့် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။အဲ့ဒီပစ္စည်းလေးတွေက အသက်အန္တရာယ်ကို အပြည့်အဝမကာကွယ်နိုင်ပေမယ့်လည်း ပြည်သူတွေကတော့ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေထိဆိုရင်တော့ လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားရတဲ့ သူရဲကောင်းတွေကလည်း အယောက်(၇၀)ထက် ကျော်နေပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မနေ့ကဆိုရင်လည်း မြို့နယ်အသီးသီးက လူထုလှုပ်ရှားမှုတွေကို ဖြိုခွင်းခံလိုက်ရလို့ ထပ်မံကျဆုံးသွားတဲ့သူတွေလည်း အများကြီးရှိလာပါတယ်။ပြည်သူတွေကတော့ မိမိတို့မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲ အသက်အန္တရာယ်ကို ကာကွယ်နေရတာဖြစ်ပါတယ်။မန္တလေးက လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူတစ်ဦးဆိုရင် မီးဖိုချောင်သုံးပစ္စည်းလေးကို ရှေ့တစ်ခု၊နောက်တစ်ခုထားပြီး ကျည်ကာအတွက်ပြင်ဆင်ထားတာဖြစ်ပါတယ်။မိမိတို့ပြည်သူတွေကတော့အသက်အန္တရာယ်လုံခြုံဖို့အတွက် အစွမ်းကုန်ကြိုးစားပြင်ဆင်နေကြတဲ့ပုံရိပ်လေးတွေက ရင်ကိုထိမှန်စေလို့ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T