လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ သားလေးက အိမ်ကထွက်ခါနီးမှာ ရိုရိုသေသေနဲ့ လက်ဆုံမိုးပြီးကန်တော့နေတာကိုခံယူနေတဲ့ မိခင်တစ်ဦး

//s9.kh1.co/9f/9fce3e3a384b6c2671d45725338721da7659745a.jpeg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုမှာပါဝင်နေတဲ့ သားလေးက အိမ်ကထွက်ခါနီးမှာ ရိုရိုသေသေနဲ့ လက်ဆုံမိုးပြီးကန်တော့နေတာကိုခံယူနေတဲ့ မိခင်တစ်ဦး

ဇာတိသွေး၊ဇာတိမာန်တွေ ထက်သန်ကြတဲ့လူငယ်တွေကတော့ လူထုလှုပ်ရှားမှုတွေမှာဆိုရင် ရှေ့ဆုံးကနေ ပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်လေးတွေက ရှေ့တန်းကနေ ဒိုင်းကိုင်ပြီး နောက်တန်းကပြည်သူတွေ လုံခြုံဖို့အတွက်အတတ်နိုင်ဆုံး ကာကွယ်ပေးကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အခုလိုအချိန်မှာ အရမ်းစည်းလုံးကြပြီးအချင်းချင်းကာကွယ် စောင့်ရှောက်နေကြတာဖြစ်ပါတယ်။ယခုခေတ်လူငယ်တွေကတော့ ဘယ်အရာမဆိုစိတ်ဓာတ်ပြင်းပြကြတာကြောင့် အခုလိုအခြေအနေမျိုးမှာဆိုရင် ပိုပြီးတော့တောင်ရဲရင့်နေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

တချို့မိဘတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ သားသမီးတွေရဲ့ဆန္ဒကို လိုက်လျောပေးကြတာဖြစ်ပါတယ်။ဘယ်မိဘမဆို မိမိရဲ့သားသမီးလေးတွေကို ဆုံးရှုံးရမှာ၊တစ်ခုခုဖြစ်မှာ ကြောက်ကြပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ နောက်ကနေ အကောင်းဆုံးပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ရွှေလိုအဖိုးတန်တဲ့မိမိတို့ရဲ့သားသမီးတွေကို တစ်ထောင့်တစ်နေရာမှာ ပါဝင်ခိုင်းတဲ့ မိဘတွေရဲ့စိတ်ဓာတ်ကလည်း လေးစားစရာကောင်းလှပါတယ်။ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေရဲ့ မိဘတွေကလည်း ရင်ကျိုးမတက်ခံစားနေရပေမယ့် စိတ်ဓာတ်ခိုင်ခိုင်မာမာရှိပြီး အခြေအနေကိုလက်ခံကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လူငယ်လေးတစ်ဦးဆိုရင် လူထုလှုပ်ရှားမှုမှာပါဝင်ဖို့အတွက် အိမ်ကနေထွက်ခါနီးမှာ မိခင်ကိုကန်တော့ပြီးအမှတ်တရဓာတ်ပုံလေး ရိုက်ထားတာဖြစ်ပါတယ်။ဒီမြင်ကွင်းလေးကတော့ မိဘနဲ့သားသမီးကြားက မေတ္တာပုံရိပ်လေးကို ထင်ရှားစွာမြင်တွေ့ရပါတယ်။မိခင်အနေနဲ့လည်း သားလေးကို လမ်းပေါ်လွှတ်လိုက်ရပေမယ့်လည်း ဘေးကင်းစွာအိမ်ပြန်လာနိုင်ဖို့အတွက် မျှော်လင့်နေမှာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ သားသမီးတွေကို အိမ်ထဲမှာပဲမနေခိုင်းဘဲ အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ခိုင်းတဲ့ မိဘတွေကို လေးစားစွာနဲ့ဦးညွှတ်ဂါရဝပြုပါတယ်နော်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T