သတင်းတွေတက်လာတိုင်း ရင်နာရလို့ မြန်မာပြည်သူပြည်သားတွေ အမှန်တကယ်လိုအပ်နေတဲ့ ဒီမိုကရေစီအမြန်ဆုံးရဖို့ ဆုတောင်းပေးနေတဲ့ ပိုးအိအိခန့်

//s9.kh1.co/24/24c123949f9ad760173e827533f35ac8394ed668.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မိသားစုလိုက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေချနေထိုင်ဖို့ စီစဥ်ထားပေမယ့် ဖေဖော်ဝါရီလ အစကတည်းက ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့မှာပဲ ဆက်လက်နေထိုင်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ သူကတော့ ပိုးအိအိခန့်ပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့်က လမ်းပေါ်ထွက်ကာ တရားမျှတမှုရရှိအောင် တောင်းဆိုကြတဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်း တစ်တပ်တစ်အားအနေနဲ့ တက်တက်ကြွကြွပါဝင်ခဲ့ပါသေးတယ်။

Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account

အရင်ကထက် အခြေအနေဆိုးဝါးလာတဲ့ နိုင်ငံရေးကြောင့် သားငယ်လေး သဲကိုးကို မွေးဖွားထားတဲ့ ပိုးအိအိခန့်က အပြင်ကို မထွက်ဖြစ်တော့ပေမယ့် သတင်းတွေတက်လာတိုင်း ဘာမှမလုပ်ပေးနိုင်လို့ ရင်နာရကြောင်းလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ အခုလို အခြေအနေတွေ အမြန်ဆုံးပြီးဆုံးပြီး မြန်မာပြည်သူ ပြည်သားတွေ အမှန်တကယ်လိုအပ်နေတဲ့ ဒီမိုကရေစီကို ရစေချင်တယ်ဆိုပြီးတော့လည်း ဘုရားမှာ ဆုတောင်းနေခဲ့ပါတယ်။

Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account

ပိုးအိအိခန့်က " တကယ်ပါ ဒီခံစားချက်နဲ့ ပိုစ့်တက်လာလိုက် ကြည့်လိုက် ဘာမှ မလုပ်နိုင်ကြတော့ဘူးလားဟယ်ဆိုပြီး ငိုလိုက်နဲ့ ရင်တွေ အရမ်း နာရပါတယ် ချစ်တဲ့ မြန်မာပြည်ရယ် ဒီဘဝမှာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေရယ် ကိုယ့်ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့သူတွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးချင်တဲ့စိတ်ရယ် စေတနာသန့်သန့်နဲ့ဖြည့်ဆည်းနိုင်သလောက် ဖြည့်ဆည်းခဲ့တာတွေရယ်ကြောင့် မြန်မာပြည်က မြန်မာလူမျိုးတွေ မလိုချင်တဲ့အရာကို မရဘဲ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အမြန်ဆုံးရရှိပါစေ အရှင်ဘုရားရယ် ဘုရားရှိခိုးတိုင်း ဘာဆုမှမတောင်းတတ်ပါဘူး အခု ဒီဘဝ ဒီဆုလေးတော့ တောင်းပါရစေ " ဆိုပြီး သူမရဲ့ Facebook account ထက်မှာ ရေးသားလာခဲ့ပါတယ်။ ဘုရားရှိခိုးတိုင်း ဆုမတောင်းတတ်ပဲ ဒီမိုကရေစီအမြန်ဆုံးရရှိဖို့ ဆုတောင်းပေးနေတဲ့ ပိုးအိအိခန့်ရဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account
Photo credit - Poe Ei Ei Khant's FB account

သတင်း အရင်းအမြစ်Source - Poe Ei Ei Khant's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T